DVB Logo
Home
မြန်မာသတင်း
“သင်​ခန်းစာ​တွေအများကြီး ရလိုက်တယ်”  အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဦးစိန်​မြင့် (ရုပ်သံ)
DVB
·
November 6, 2018
“သင်​ခန်းစာ​တွေအများကြီး ရလိုက်တယ်”  အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဦးစိန်​မြင့် (ရုပ်သံ)
Donate to DVB

နိုဝင်​ဘာ ၃ ရက်​​ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ မြင်းခြံမြို့နယ်ကနေ  ဝင်​​ရောက်​ ယှဉ်​ပြိုင် အနိုင်ရတဲ့ ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​​လောင်း ဦးစိန်​မြင့်က  မြင်းခြံမြို့နယ်​ တိုးတက်​ဖွံ့ဖြိုးဖို့ အ​ကောင်းဆုံး​ဆောင်​ရွက်​သွားမယ်လို့ ကတိပေးပြောကြားလိုက်​တာပါတယ်။

"ကျ​နော့်အ​နေနဲ့ မြင်းခြံမြို့နယ်​ရဲ့ လိုအပ်​ချက်​​တွေ ဖွံ့ဖြိုးဖို့အတွက် ကြိုးစားလုပ်​​ဆောင်​​ပေး သွားမှာပါ။ ခု ကြားဖြတ်​​ရွေး​ကောက်​ပွဲက​နေ သင်​ခန်းစာ​တွေအများကြီးရပါတယ်​။ ၂၀၂၀ အတွက် ​လည်း ခရိုင်​၊ မြို့နယ် ရပ်​/​ကျေး ကော်​မရှင်​​တွေနဲ့ ​သေချာညှိနှိုင်း လုပ်​​ဆောင်​သွားဖို့ ရှိပါတယ်​”လို့ ဒီဗွီဘီကို​ပြောပါတယ်​။

၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​၊ ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့် ဖွံဖြိုး​ရေးပါတီ၊ လူ့​ဘောင်​သစ်​ ဒီမိုကရက်​တစ်​ပါတီနဲ့  ပြည်​သူ့အလုပ်​သမားပါတီတို့ ပါတီ (၄) ခုက ကိုယ်စားလှယ်လောင်းတွေ ဝင်​​ရောက်​ယှဉ်​ပြိုင်ခဲ့ကြတာပါ။

မြင်းခြံမဲဆန္ဒမယ်မှာ မဲပေးပိုင်​ခွင့်​ရှိသူ​ပေါင်း ၂၂၁၈၆၅ ဦး ရှိပြီး အမျိုးသား ဒီမိုက​ရေစီ အဖွဲ့ချုပ်​ကိုယ်​စားလှယ်လောင်း   ဦးစိန်​မြင့်က မဲအရေအတွက် ၆၇၆၅၉နဲ့ အများဆုံးရရှိ အနိုင်​ရခဲ့တာ ဖြစ်ပါတယ်​။

သတင်း - ရီရီထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013