DVB Logo
Home
မြန်မာသတင်း
ယောက်ျားတွေကို အရူးအမူးဖြစ်စေခဲ့တဲ့ မိန်းကလေးအကြောင်းရုပ်ရှင်-မီ (နမူနာ)
DVB
·
November 6, 2018
ယောက်ျားတွေကို အရူးအမူးဖြစ်စေခဲ့တဲ့ မိန်းကလေးအကြောင်းရုပ်ရှင်-မီ (နမူနာ)
Donate to DVB

မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မြန်မာရုပ်ရှင်ကား မီကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    ဒီကားကတော့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Victoria Film Production က တင် ဆက်လိုက်တာ ဖြစ်ပါတယ်။

    ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ  နားလည်ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့ စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတယောက်အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီခေတ်ကလို ဘယ်လိုအပြင်အဆင်တွေ၊ အထူးပြုလုပ်မှု တွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူးထားမလဲဆိုတာ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

    ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်း ဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

မီရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရုပ်ရှင်
Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၁ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013