DVB Logo
Home
မြန်မာသတင်း
ပန်းရဲ့လမ်းအဖွဲ့ဝင် အဆိုတော် သားထွေးကွယ်လွန်
DVB
·
November 6, 2018
ပန်းရဲ့လမ်းအဖွဲ့ဝင် အဆိုတော် သားထွေးကွယ်လွန်
1 / 7
Donate to DVB

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဂီတနဲ့ ရန်ပုံငွေရှာဖွေတဲ့ ပန်းရဲ့လမ်းအဖွဲ့က အဆိုတော် ကိုသားထွေဟာ ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက် ၇ နာရီကျော်က ရန်ကုန် အောင်ရတနာဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်ရှိပြီး သူ့ရဲ့ ရုပ်ကလာပ်ကို  နာရေးကူညီမှုအသင်း(ရန်ကုန်) ကနေ ရေဝေးသုဿန် အအေးခန်းကို ပို့ပေးခဲ့တယ် အသင်းဥက္ကဋ္ဌ ဦးကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

ကိုသားထွေးဟာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဂုဏ်ထူးဆောင် အသင်းသား တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ကို လာမယ့် နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ဂူသွင်းသွားဖို့ရှိပါတယ်။

ကိုသားထွေးဟာ ငရဲပန်း၊ ပန်းခင်းထဲမှာ၊ အတူတူနေချင်တယ်၊ ပျိုး၊ အချစ်မဲ့သဘော၊ ချစ်သောသူတစ်ယောက်၊ အမည်မပေးမထားစတဲ့ တကိုယ်တော် တေးစီးရီးတွေရော ခိုင်ထူး၊ မေဆွိ၊ အောင်နိုင်၊ သျှိုင်းအောင် စတဲ့ အဆိုတော်တွေနဲ့ပါ တွဲပြီးလည်း စီးရီးခွေတွေ  ထွက်ရှိခဲ့ပါတယ်။

ကိုသားထွေးရေးစပ်ခဲ့တဲ့ ချစ်ရတဲ့သူရေ တေးသီချင်းဟာ လူကြိုက်များ ထင်ရှားတဲ့ သီချင်းတပုဒ်ဖြစ်ပြီး  စိုးလွင်လွင်ရဲ့ နာမည်ကြီး သီချင်းအများအပြားကို သူ ရေးစပ်ပေးခဲ့ပါတယ်။

ပန်းရဲ့လမ်းအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သူ ဂစ်တာသမား တေးရေး တေးဆို ဦးရဲလွင်ဟာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က ကွယ်လွန်ခဲ့ပါတယ်။

ဓာတ်ပုံ - ကိုကျော်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013