DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်သွားသူများကို ပြန်လက်ခံရန်ကိစ္စ  မြန်မာနှင့် စင်ကာပူဆွေးနွေး
DVB
·
November 6, 2018
နေရပ်စွန့်သွားသူများကို ပြန်လက်ခံရန်ကိစ္စ  မြန်မာနှင့် စင်ကာပူဆွေးနွေး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ ပူးပေါင်းလုပ်ဆောင်ဖို့  မြန်မာနဲ့ စင်ကာပူ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာ ခရစ်ရှ်နန်တို့  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ မနေ့က တွေ့ဆုံဆွေးနွေးတာလို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်း ထုတ်ပါတယ်။

တွေ့ဆုံရာမှာ လာမယ့် နိုဝင်ဘာလလယ် စတင်လုပ်ဆောင်မယ့်  ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေး အစီအစဉ်အတွက် မြန်မာနိုင်ငံက ပြင်ဆင်ထားရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ စင်ကာပူနိုင်ငံနဲ့ အာဆီယံကလည်း ပါဝင်ကူညီ ပူးပေါင်း ဆောင်ရွက်ပေးနိုင်မယ့် အလားအလာတွေကို  ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ  တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို  လူတွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေး သွားခဲ့ကြတာပါ။

ထွက်ပြေးသွားသူတွေကို  နိုဝင်ဘာ ၁၅ ရက်က စပြီး တရက် လူ ၁၅ဝ နှုန်းနဲ့  လူပေါင်း ၂၂၆ဝ ကျော်ကို ပထမ အသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့   ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု ရရှိထားပါတယ်။

နိုင်ငံတကာက လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကတော့ ထွက်ပြေးသွားသူတွေ ခုချိန်ထိ နေရပ်မပြန်နိုင်သေးဘူးဆိုပြီး မြန်မာနိုင်ငံအပေါ် တဖက်ကပြစ်တင်ဝေဖန်နေသလို    ခုလို နေရပ်ပြန်ပို့မယ့် အစီအစဉ် စတင်မယ့်အချိန်မှာလည်း မြန်မာပြည်မှာ အဆင်သင့် မဖြစ်သေးလို့ မပြန်သင့်သေးဘူးလို့လည်း ပြောဆိုဝေဖန်နေကြပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ၃မြို့နယ်ရှိ ဒေသခံပြည်သူတွေကတော့ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရာမှာ မောင်တောမြို့ နယ်တောင်ပိုင်းမှာရှိတဲ့ ဘင်္ဂလီကျေးရွာတွေမှာ နေရာပြန်လည်မချပေးဖို့ ဆန္ဒပြတောင်းဆိုထား ပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013