DVB Logo
Home
မြန်မာသတင်း
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အတွက် ကျွမ်းကျင်သူ ၂ဦးခန့်အပ်
DVB
·
November 6, 2018
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အတွက် ကျွမ်းကျင်သူ ၂ဦးခန့်အပ်
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အတွက် ပြည်တွင်းက ကျွမ်းကျင်သူ ပညာရှင် ၂ ဦးကို  နိုင်ငံတော်သမ္မတရုံးက ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ကော်မရှင်အတွက် လိုအပ်တဲ့ အသက်သေခံချက် စုဆောင်းတာတွေနဲ့ ရုံးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ကော်မရှင်ရဲ့ ကျွမ်းကျင်သူတွေအဖြစ် ဦးလှဝင်းနဲ့ ဦးအောင်ဝင်းတို့ကို နိုဝင်ဘာ ၅ ရက်နေ့က စတင်ခန့်အပ်လိုက်တာလို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်မှာ   နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။

ကော်မရှင်မှာ ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလို က ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် လူသားချင်းစာမှုဆိုင်ရာ ကုလသမဂ္ဂ ဒုအတွင်းရေးမှူးချုပ်ဟောင်း ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက်အဆင့်မြင့် အရာရှိကြီးဟောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့နဲ့ ပါဝင်ဖွဲ့ စည်းခဲ့တာပါ။

မြန်မာအစိုးရကကတော့ ရခိုင်ပြည်နယ်မှာ  ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အမျိုးသား အစီအစဉ်တစ်ရပ်အနေနဲ့ ကော်မရှင် ဖွဲ့စည်းခဲ့တာလို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013