DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုသည် အုပ်စုဖွဲ့ကျူးလွန်သည့်ပြစ်မှုဟု ကော်မရှင်ဥက္ကဋ္ဌ ပြော
DVB
·
November 6, 2018
အဂတိလိုက်စားမှုသည် အုပ်စုဖွဲ့ကျူးလွန်သည့်ပြစ်မှုဟု ကော်မရှင်ဥက္ကဋ္ဌ ပြော
Donate to DVB

အဂတိလိုက်စားမှုပြစ်မှုဟာ ဆရာမွေး၊ တပည့်မွေး အလေ့အကျင့်တွေနဲ့ ပေါင်းစပ်ပြီး အုပ်စုဖွဲ့ ကျူးလွန်တဲ့ ပြစ်မှုအမျိုးအစားမှာ အကျုံးဝင်လို့  စုံစမ်းစစ်ဆေးပြီး အမှန်တရားကို ဖော်ထုတ်ရာမှာ စိန်ခေါ်မှု ကြီးမားတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှာ လုပ်ခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံလေ့ကျင့်ရေး သင်တန်းဆင်းပွဲအခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“အဂတိ လိုက်စားမှုပြစ်မှုဟာ အခြားပြစ်မှုတွေနဲ့မတူဘဲ ကြိုတင်စီစဉ်တွက်ချက်ပြီးမှ ကျူးလွန်တဲ့ ပြစ်မှုအမျိုးအစားဖြစ်တဲ့အပြင် ဆရာမွေး၊ တပည့်မွေး အလေ့အကျင့်တွေနဲ့  ပေါင်းစပ်ပြီး အုပ်စုဖွဲ့ ကျူးလွန်တဲ့ ပြစ်မှုအမျိုးအစားမှာ အကျုံးဝင်တာဖြစ်လို့ စုံစမ်းစစ်ဆေးပြီး အမှန်တရားကို ဖော်ထုတ်ရာမှာ စိန်ခေါ်မှုကြီးမားပါတယ်၊ ဒါ့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဟာ နိုင်ငံဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမယ့် လုပ်ငန်းဖြစ်လို့ အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြပါ”လို့ ဦးအောင်ကြည်က ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံ လေ့ကျင့်ရေး သင်တန်းကို ဝန်ကြီးဌာနတွေကနေ ကော်မရှင်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ထားတဲ့ ဝန်ထမ်း ၈၂ ဦးနဲ့  အောက်တိုဘာ ၁ရက်နေ့မှ (၅) ရက်နေ့အထိ သင်တန်းပေးခဲ့တာဖြစ်ပါတယ်။

သင်တန်းမှာ ကော်မရှင်အဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ကျွမ်းကျင်သူတွေက ကော်မရှင်ရဲ့သမိုင်း၊ လုပ်ငန်းတာဝန်၊ ကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေ၊ စုံစမ်စစ်ဆေးဘာသာရပ်၊ ဆက်စပ်ဥပဒေတွေ၊  ကြိုတင်တားဆီး ကာကွယ်ရေး ဘာသာရပ် စာတွေကို သင်ကြားပို့ချပေးခဲ့ပါတယ်။

ဓာတ်ပုံ- ACC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013