DVB Logo
Home
မြန်မာသတင်း
ကျောင်းသားများ၏ ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို ထောင်ဒဏ် ၃ လ လျော့ပေး
DVB
·
November 6, 2018
ကျောင်းသားများ၏ ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို ထောင်ဒဏ် ၃ လ လျော့ပေး
Donate to DVB

ထောင်ဒဏ် ၆ လချမှတ်ခံထားရတဲ့  လူ့အခွင့်အရေးရှေ့နေ ဒေါ်ခင်ခင်ကျော်ကို မနေ့က ထောင်ဒဏ် ၃ လ လျော့ဖို့  သာယာဝတီမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

၂၀၁၅ စက်တင်ဘာလက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်လို့ ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေအတွက် ရှေ့နေ ဒေါ်ခင်ခင်ကျော်က အမှုလိုက်ပေးခဲ့ရာမှာ ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးမှာ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ တရားသူကြီးတို့ အချေအတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေဒေါ်ခင်ခင်ကျော်ကို သာယာဝတီမြို့နယ်တရားရုံးက ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၂၂၈ နဲ့ တရားစွဲဆိုခဲ့ပြီး သူ့ကို ၀န်ရံပေးတဲ့ ကိုသန်းထိုက်ကိုပါ စက်တင်ဘာလ ၂၈ ရက်နေ့က  ထောင်ဒဏ် ၆ လချမှတ်ခဲ့တာပါ။

သူတို့ရဲ့အမှုကို အယူခံဝင်ရာမှာ ခရိုင်တရားရုံးက ထောင်ဒဏ် ၃ လလျော့ချကြောင်း အမိန့်ချမှတ်လိုက်တာလို့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

“ သူ့က ပုဒ်မ ၂၂ ၈ ကို ဆိုတော့ သူက ၃ လလျော့သွားတယ်။ ဒါပေမယ့် ကျနော်တို့က သုံးလ လျော့တာထက်စာရင် သူ့ကို အပြီးပြတ်လွှတ်ပေးဖို့ကို ကျနော်တို့က လိုလားတယ်”

ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို အပြီးသတ်လွှတ်ပေးဖို့အတွက် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က တိုင်းရုံးကို ဆက်လက်အယူခံတင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013