DVB Logo
Home
သတင်းဓာတ်ပုံ
ရခိုင် သာသနိက အဆောက်အဦများ ပြင်ဆင်ရန် ၉၂ သိန်းကျော် လှူဒါန်း
DVB
·
August 27, 2012
ရခိုင် သာသနိက အဆောက်အဦများ ပြင်ဆင်ရန် ၉၂ သိန်းကျော် လှူဒါန်း
Donate to DVB

ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ သက်တော် ၈၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်က သာသနိက အဆောက်အဦတွေ ပြင်ဆင်ဖို့အတွက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကတဆင့် ငွေ ၉၂ သိန်းကျော်ကို လှူဒါန်းလိုက်ပါတယ်။

ချမ်းမြေ့ဆရာတော်ကြီးနဲ့ တပည့်သံဃာတော်များ၊ ဒါယိကာ၊ ဒါယိကာမများ ၀ိုင်းဝန်းလှူဒါန်းတဲ့ ငွေကျပ် ၉၂ သိန်း ၃ သောင်းကို ဩဂုတ် ၂၆ ရက်နေ့က ကမ္ဘာအေးဘုရားလမ်းက ချမ်းမြေ့ရိပ်သာ တရားစခန်းမှာ လက်ခံရရှိခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုဇော်မင်းက ရှင်းပြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ရခိုင်ကို သွားရောက် အလှူငွေပေးအပ်ဖို့ကို အမြန်ဆုံး စီစဉ်နေပြီး တကယ်လိုအပ်မယ့် နေရာတွေကို လှူဒါန်းသွားမယ်လို့လည်း ကိုဇော်မင်းက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ လတ်တလော ရေဘေး နောက်ဆက်တွဲ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။
ဩဂုတ် ၂၇ ရက်နေ့မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းက မလက်ကျေးရွာမှာ ရေဘေးဒဏ်သင့် ဒုက္ခသည် ၂၀၀ လောက်ကို ဆန်အိတ် ၃၀ အပါအ၀င် စားစရာနဲ့ဆေးဝါးတွေ သွားပေးနေပြီး ဒီလကုန်ပိုင်း လောက်မှာလည်း သာပေါင်းမြို့နယ်ကို ရေဘေးကူညီရေးတွေ လုပ်ဆောင် သွားမယ်လို့လည်း ကိုဇော်မင်းက ပြောသွားပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/monk of chan myae /]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013