DVB Logo
Home
မြန်မာသတင်း
ဒေသခံ ၁ ဦးအား လက်​သီးဖြင့်ထိုးမှုဖြင့် အုပ်​ချုပ်​​ရေးမှူးကို ရဲစခန်းတွင် အမှုဖွင့်
DVB
·
November 5, 2018
ဒေသခံ ၁ ဦးအား လက်​သီးဖြင့်ထိုးမှုဖြင့် အုပ်​ချုပ်​​ရေးမှူးကို ရဲစခန်းတွင် အမှုဖွင့်
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ ငဖဲမြို့နယ်​၊ ပဒါန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးက လက်​သီးနဲ့ ထိုးခဲ့တယ်ဆိုပြီး ဒေသခံရွာသားတဦးက ပဖဲ၊ ပဒါန်းနယ်​​မြေစခန်းမှာ မ​နေ့ ည​နေ ၆ နာရီခွဲက တိုင်​တန်းခဲ့တယ်လို့  နယ်​​မြေရဲစခန်းက သိရပါတယ်​။

တိုင်​တန်းသူ ငဖဲမြို့နယ်​ ရင်​ရှည်​​ကျေးရွာ​နေ ဦးမြသိန်းဟာ အောက်​တိုဘာ ၂၉ ည​နေက ​ကျေးရွာမီးလင်း​ရေး​ကော်​မတီဥက္ကဋ္ဌ ဦး​ပေါက်​ အစည်း​ဝေးလုပ်​နေတုန်း ဖုန်းနဲ့အသံဖမ်းခဲ့လို့ စကားများရာကနေ ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူး ​ရောက်​လာပြီး လက်​ထဲကဖုန်းကို ပုတ်​ချကာ ညစ်​ညမ်းစွာ ဆဲဆို၊လက်​သီးနဲ့ထိုး လည်​ပင်းညှစ်ခဲ့တယ်လို့ တိုင်​တန်းစာမှာ ပါရှိပါတယ်​။

ပဒါန်း​ကျေးရွာ မီးလင်း​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦး​ပေါက်​က “သူက ထရန်​စ​ဖော်​မာကို လာပြီး မီးပိတ်​ခိုင်​တယ်​။ မီးကြိုးတပ်​ဆင်​ဖို့တဲ့။ အဲလိုကိစ္စက ကြို​ပြောရတာ။ ပိတ်​ချင်​တိုင်းပိတ်​ရင်​ မဖြစ်​ဘူး။ ​ပြော​နေရင်း စကားများတယ်​။ သူက အသံဖမ်းတယ်​ အဲဒါနဲ့ အုပ်​ချုပ်​​ရေးမှူးကို အ​ကြောင်းကြားခဲ့တာပါ၊ သူက​ကျေးရွာမီးလင်း​ရေးမှာလည်း ဘာတာဝန်​မှ မရှိပါဘူး´လို့ ​ပြောပါတယ်​။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေမှူးကို ပဒါန်းနယ်​​မြေရဲစခန်းမှာ  (ပ)၁၅/၂ဝ၁၈၊ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၂၉၄/၃၂၃ နဲ့ ​နိုဝင်​ဘာ ၄ ရက်​ ည​နေ ၆ နာရီခွဲက  အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်​။

ပဒါန်း​ကျေးရွာ အုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦးမြတ်​မင်း(ခ)ဦး​ပေးမိုးကတော့ “ကျေးရွာမီးလင်း​ရေး ​ကော်​မတီ ဥက္ကဋ္ဌ ဦး​ပေါက်​က သူတို့ပြဿနာဖြစ်​​နေတယ်​ ​ခေါ်လို့သွားတာ၊ အဲဒါကို သူက အသံဖမ်း​နေတဲ့ ဖုန်းနဲ့ မျက်​နှာ​ရှေ့လာပြီး ထိုးလာလို့ ပုတ်​ချလိုက်​တာပဲ ရှိတယ်​။ သူက အခုလို လုပ်​​တော့ ကျနော့်ဘက်​ကလည်း တာဝန်​ဝတ္တရား ​နှောင့်ယှက်​မှုနဲ့ ပြန်​လည်​စွဲဆိုသွားမှာပါ” လို့ ဒီဗွီဘီကို​ ပြောပါတယ်​။

 

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013