DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်သွားသူများကို တရက်လူ ၁၅ဝ နှုန်းဖြင့် လူပေါင်း ၂၂၆ဝ ကျော်ကိုပထမ အသုတ်ခေါ်မည်
DVB
·
November 5, 2018
နေရပ်စွန့်သွားသူများကို တရက်လူ ၁၅ဝ နှုန်းဖြင့် လူပေါင်း ၂၂၆ဝ ကျော်ကိုပထမ အသုတ်ခေါ်မည်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေကို  နိုဝင်ဘာ ၁၅ ရက်က စပြီး တရက်လျှင် လူ ၁၅ဝ နှုန်းနဲ့ လူပေါင်း ၂၂၆ဝ ကျော်ကိုပထမ အသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့  မြန်မာ အစိုးရက စီစဉ်နေပါတယ်။

နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလိုက်ပါပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဒုဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ ဌာနဆိုင်ရာ တာဝန်ရှိတွေဟာ မောင်တောခရိုင်အတွင်း  ပြန်လည်နေရာချထားရေး ဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ငါးခူရ ပြန်လည် လက်ခံ ရေးစခန်းမှာ နေအိမ်တွေ တည်ဆောက်ထားမှု၊ သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ထားမှု၊ တစ်ဖက်နိုင်ငံမှ ဝင်ရောက် လာမယ့်သူတွေ လက်ခံမယ့်နေရာနဲ့  ဝန်ထမ်းအဆောင်တွေ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒီနောက် လှဖိုးခေါင် ပြန်လည်လက်ခံရေး စခန်းမှာ တည် ဆောက်ထားတဲ့ နေအိမ်တွေ၊ ကျန်မာရေးဆေးခန်း၊ လျှပ်စစ်မီး သွယ်တန်းထားမှုနဲ့ လမ်းတွေတည်ဆောက်ထားတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

၂ဝ၁၇ သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်သမားတွေက နယ်ခြားစောင့် ရဲတပ်စခန်းပေါင်း(၃ဝ)ကျော်ကို တပြိုင်နက်တည်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်မှာ ဘင်္ဂလားရှေ့ နိုင်ငံဘက်ကိုလည်း လူတွေ အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးသွားခဲ့ကြ တာပါ။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေကတော့ ခုချိန်ဟာ နေရပ်ပြန်မယ့်သူတွေအတွက် အဆင်သင့် မဖြစ်သေးလို့ မပြန်သင့်သေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013