DVB Logo
Home
မြန်မာသတင်း
အမီတာဘချမ်းနှင့် အေမာခန်းတို့ပါဝင်သည့် ကုန်ကျစရိတ်အများဆုံး ဘောလိဝုဒ်ရုပ်ရှင် -Thugs of Hindostan (နမူနာ)
DVB
·
November 5, 2018
အမီတာဘချမ်းနှင့် အေမာခန်းတို့ပါဝင်သည့် ကုန်ကျစရိတ်အများဆုံး ဘောလိဝုဒ်ရုပ်ရှင် -Thugs of Hindostan (နမူနာ)
Donate to DVB

ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Thugs of Hindostan အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

တမူကွဲပြားတဲ့ စွန့်စားမှုအက်ရှင်ပုံစံ ရိုက်ကူးထားတဲ့ ဒီကားကိုတော့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ Vijay Krishna Acharya က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားကတော့ ၁၇ ရာစုနှောင်းပိုင်းကာလ အိန္ဒိယနိုင်ငံရဲ့ တောင်ဘက်စွန်း Hindostan လို့ သိကြတဲ့ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားခဲ့တာပါ။

အဲဒီအချိန်က အိန္ဒိယနိုင်ငံရဲ့ ရေပိုင်နက်နေရာအတော်များများကို British East India Company က သိမ်းပိုက်ထားခဲ့ပြီး သူတို့ရဲ့ နယ်မြေချဲ့ထွင်မှုမှာ အတားအဆီး ဖြစ်လာမယ့် လူဆိုးဂိုဏ်းတဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာ ဘာတွေဖြစ်လာမလဲ။ ဘယ်လို တိုက်ခိုက်မှုတွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကို ပရိသတ်တွေက မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ၀ါရင့်ဘောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး Amitabh Bachchan, မင်းသား Aamir Khan တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး Katrina Kaif တို့က အတွဲညီညီ ပါဝင်ထားကြတာပါ။

ကြာမြင့်ချိန် ၁၆၄ မိနစ်ရှိတဲ့ Hindi စကားပြော ဒီရုပ်ရှင်ကားဟာ ဘတ်ဂျတ်ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၂ သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့ပြီး ဘောလိဝုဒ်ရုပ်ရှင်သမိုင်းမှာတော့ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ကားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013