DVB Logo
Home
မြန်မာသတင်း
အင်္ဂလိပ်စာအညံ့ဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်
DVB
·
November 5, 2018
အင်္ဂလိပ်စာအညံ့ဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်
Donate to DVB

ကမ္ဘာ့နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၈၈ နိုင်ငံအနက် အောက်ဆုံး ၁၀ နိုင်ငံ အညံ့ဆုံးအဆင့်ထဲမှာ ပါဝင်ပြီး အဆင့်  ၈၂ မှာရပ်တည်နေပါတယ်။

အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှု အခြေအနေကို  နှစ်စဉ်လေ့လာ စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးနေတဲ့ Education First (EF)  အဖွဲ့က ထုတ်ပြန်တဲ့  2018 English Proficiency Index အညွှန်းကိန်းမှာ ဖော်ပြထားတာပါ။

အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့်အမြင့်ဆုံး နိုင်ငံတွေကတော့ ဆွီဒင်၊ နယ်သာလန်၊ စင်ကာပူ၊ နော်ဝေနဲ့ ဒိန်းမတ်နိုင်ငံတို့ ဖြစ်ကြပါတယ်။ အဆိုးဆုံး ၁၀နိုင်ငံကတော့ အိုမန်၊ ကာဇက်စ္စတန်၊ အယ်လ်ဂျီးရီးယား၊ မြန်မာ၊ ဆော်ဒီ၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီယား၊ ဥဇဘက်ကစ္စတန်၊ အီရတ်နဲ့ လစ်ဗျားနိုင်ငံ တို့ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊  မြန်မာနဲ့ ကမ္ဘောဒီယားတို့ အစဉ်လိုက်ရပ်တည်နေပြီး လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေကတော့ စာရင်းမှာ ပါဝင်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013