DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်နေ့ပွဲတော်အတွက် စီစီတီဗွီကင်မရာများတပ်ဆင်ပြီး လုံခြုံရေးတိုးမြှင့်
DVB
·
November 5, 2018
ကရင်ပြည်နယ်နေ့ပွဲတော်အတွက် စီစီတီဗွီကင်မရာများတပ်ဆင်ပြီး လုံခြုံရေးတိုးမြှင့်
Donate to DVB

ကရင်ပြည်နယ်နေ့ ပွဲတော်အတွက် စီစီတီဗွီလုံခြုံရေး ကင်မရာတွေတပ်ဆင် စောင့်ကြည့်ကာ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ဘားအံမြို့ရှိ သီရိကွင်းမှာ စည်းကားသိုက် မြိုက်စွာ ကျင်းပနိုင်ဖို့  လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်နေ့ ပွဲတော်ကာလအတွင်း ပွဲတော်လာပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်းတွေသတ်မှတ်ထားပြီး ပွဲတော်အကြို ၁၀ ရက်ကတည်းကစတင်ပြီး ပွဲတော်ပြီးဆုံးတဲ့ အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်၊ ဘီဂျီအက်စ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်အင်အား ၁၀၀၀ နီးပါးနဲ့လုံခြုံရေး ဆောင်ရွက်သွားမှာပါ။

ရဲမှူးကြီး အောင်မြတ်မိုးက“မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်များကို စနစ်တကျ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒီအပြင် လုံခြုံရေးအထောက်အကူပစ္စည်းအနေနဲ့လည်း ပွဲတော်လာပြည်သူများ စိတ်အေးချမ်းသာစွာနဲ့ ပျော်ရွှင်စွာလာရောက်ခံစားနိုင်ဖို့ ကင်မရာတွေနဲ့ စောင့်ကြည့်ပြီးတော့ လုံခြုံရေးထိန်းသိမ်းတဲ့စနစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်၊လုံခြုံရေးနှင့် ကွပ်ကဲရေးအဖွဲ့ ဗိုလ်မှူးဇော်လင်းက “လက်နက်ကိုင်တွေကို စာထွက်ထားတာရှိတယ်။ ကြေးနန်းထွက်ထားပေးတာ ရှိတယ်။ ပွဲတော်ကာလအတွင်းမှာ သက်ဆိုင်ရာတာဝန် ရှိသူမှအပ လက်နက် မယူဆောင်လာရန်၊ ၊ယူနီဖောင်းနဲ့ မလာရောက်ရန်ဆိုတဲ့ မေတ္တာရပ်ခံစာကိုလည်း ကြိုတင်ပြီးတော့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဆီပို့ထားတယ်” လို့ ပြောပါတယ်။

ပွဲတော်ကာလအတွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးအနေနဲ့ ဒေသန္တရအမိန့်အမှတ် (၆/၂၀၁၈)ကို ထုတ်ပြန်ထားရာမှာ ပွဲတော်လာပြည်သူတွေ သေနတ်အမျိုးမျိုး၊ လက်ပစ်ဗုံး၊ လေးဂွ၊ ဂျင်းကလိ ချွန်ထက်စေတဲ့အရာ၊ တုတ်၊ ဓား၊ လက်နက်၊ အရက်ဘီယာ၊ ဓာတ်ဆီပုလင်း၊ ခြင်ဆေးဗူး၊ ရောင်စုံကာလ မှုတ်ဗူး၊ ရေးမွှေးဗူးတွေနဲ့ လူကိုထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေကို မယူဆောင်လာကြဖို့ ထုတ်ပြန်ထားပါတယ်။

ပွဲတော်မှာ ဌာနဆိုင်ရာ ပြခန်း ၃၃ ခန်း၊ ဈေးပွဲတော်အရောင်းပြခန်း ၂၀၀ ကျော်၊ ကရင်ရိုးရာထမင်းဆိုင်ခန်း၂၀၀ ကျော်ပါဝင်ပြီး စတိတ်ရှိုး၊ ဇာတ်ပွဲတွေနဲ့ စည်းကားစွာ ကျင်းပသွားမှာဖြစ်သလို ပွဲတော်ကာလအတွင်း ၁ ရက်ကို ပြည်သူ တသိန်းနီးပါး လာရောက်မယ်လို့ ခန်းမှန်းထားကြောင်း တာဝန်ရှိသူက ပြောပါတယ်။

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကာလက လုံခြုံရေးတပ်ဖွဲဝင်တွေ လုံခြုံရေး ဆောင်ရွက်နေစဉ် ပွဲတော်လာ မော်တော်ဆိုင်ကယ်တစီးရဲ့ အတွင်းဘောက်ကနေ လက်ပစ်ဗုံး သိမ်းဆည်းရမိခဲ့ဖူးပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013