DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာလူ့အခွင့်ရေးစံနှင့်အညီ ကျင်းပနိုင်ခဲ့ဟု ကော်မရှင်ကြေညာ
DVB
·
November 5, 2018
ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာလူ့အခွင့်ရေးစံနှင့်အညီ ကျင်းပနိုင်ခဲ့ဟု ကော်မရှင်ကြေညာ
Donate to DVB

နိုဝင်ဘာ ၃ ရက်က ကျင်းပပြီးစီးသွားတဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့ အတတ်နိုင်ဆုံးလိုက်လျောညီထွေစွာ ကျင်းပဆောင်ရွက်ခဲ့တာ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကြေညာပါတယ်။

ကော်မရှင်က စောင့်ကြည့်လေ့လာခဲ့တဲ့ မဲရုံတွေမှာ စောင့်ကြည့်လေ့လာခဲ့တဲ့ အချိန်အတွင်း ပုံမှန်မဟုတ်တဲ့ အနေအထား တစုံတရာမတွေ့ရှိရဘူးလို့လည်း   ကြားဖြတ်ရွေးကောက်ပွဲ အပြီး နိုဝင်ဘာ ၄ ရက် နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို  ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုရှိ လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာမှာ ကျင်းပခဲ့တဲ့အနက် နေရာ(၆)နေရာမှာ  မြန်မာလူ့အခွင့်အရေး ကော်မရှင်က ပထမဆုံး အကြိမ် ကိုယ်စားလှယ်တွေစေလွှတ်ပြီး လေ့လာ စောင့်ကြည့်ခဲ့တာပါ။

ကော်မရှင်က လေ့လာစောင့်ကြည့်ခဲ့တဲ့ မဲရုံတွေကတော့ ကချင်ပြည်နယ် မြစ်ကြီးနား၊  ရန်ကုန်တိုင်း တာမွေနဲ့ ဆိပ်ကမ်း၊ မကွေးတိုင်း မင်းဘူး၊ ပဲခူးတိုင်း အုတ်တွင်းနဲ့ မန္တလေးတိုင်းထဲရှိ မဲရုံတွေ အပါအ၀င် စုစုပေါင်း မရုံ ၂၅ ရုံကို စောင့်ကြည့်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါမဲရုံတွေကို သွားရောက်ကာ နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့တွေ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စံသတ်မှတ်ချက်တွေ၊ လူ့အခွင့်အရေးစံ သတ်မှတ်ချက်တွေနဲ့ ညီညွတ်မှုရှိမရှိ သမာသမတ်ကျကျ၊ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် စောင့် ကြည့်လေ့လာခဲ့ တယ်လို့လည်းဆိုပါတယ်။

အသေးစိတ်လေ့လာတွေ့ရှိချက်တွေကိုတော့ သက်ဆိုင်ရာကို အစီရင်ခံစာ တင်သွင်းသွားမယ်လို့လည်း ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013