DVB Logo
Home
မြန်မာသတင်း
ပြည်မြို့နယ်တွင် လိင်တူ အမျိုးသမီးချင်း လက်ထပ်ပွဲကျင်းပ(ရုပ်သံ)
DVB
·
November 5, 2018
ပြည်မြို့နယ်တွင် လိင်တူ အမျိုးသမီးချင်း လက်ထပ်ပွဲကျင်းပ(ရုပ်သံ)
Donate to DVB

လိင်တူ အမျိုးသမီးချင်း လက်ထပ်တဲ့ LGBT မင်္ဂလာဆောင်တခုကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ပဲခူးတိုင်းဒေသကြီး  ပြည်မြို့နယ်မှာ မနေ့က ပြုလုပ်သွားပါတယ်။

ပြည်မြို့၊ ဆံတော်ရပ်ကွက်မှာနေထိုင်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူများ LGBT အဖွဲ့ဝင် မောင်ကိုအေးဟာ လွန်ခဲ့တဲ့ တနှစ်လောက်က ဖေ့စ်ဘွတ်ခ်ပေါ်ကနေ အမျိုးသမီး ငယ်တယောက်ကို ချစ်ကြိုက်မိခဲ့ပြီးတဲ့ နောက်မှာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီကြားထဲမှာ သူတို့ ၂ ယောက်ခိုးပြေးခဲ့ကြပြီး နောက် မိန်းကလေးရှင်ဘက်က သဘောတူတာကြောင့် မင်္ဂလာဆောင်နိုင်ခဲ့တာလို့ သတို့သား မောင်ကိုအေးကပြောပါတယ်။

သတို့သမီးက အသက် ၁၉ နှစ် အရွယ်၊ သတို့သားက အသက် ၂၅ ပါ။ သူတို့ ၂ ယောက် တသက်လုံးရိုးမြေကျပေါင်းသွားမယ်လို့  ပြည်မြို့နယ်၊ ပန်းတင်ကျေးရွာနေ သတို့သမီး မသီတာလှိုင်က ပြောပါတယ်။

မင်္ဂလာဆောင်ကိုတော့ သတို့သမီးအိမ်ရှိရာ ပန်းတင်ကျေးရွာမှာ နိုဝင်ဘာ ၄ ရက်နေ့မနက်က ကျင်းပခဲ့ပါတယ်။

ဒီမင်္ဂလာပွဲနဲ့ ပတ်သက်လို့  LGBT အခွင့်အရေး ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုငြိမ်းက “ပြည်မြို့မှာ ပထမဦးဆုံးလို့ ပြောနိုင်ပြီး အခုလုပ်ဖို့  နှစ်ဘက်မိဘတွေကို တော်တော် စည်းရုံးယူလိုက်ရတယ်”လို့ ပြောပါတယ်။

ဒီမင်္ဂလာဆောင်ပွဲဟာ  လက်မှတ်ထိုးယူတဲ့ ပုံစံမဟုတ်ဘဲ မြန်မာ့ဓလေ့ထုံးတန်းအစဉ်အလာ အတိုင်း ဘိတ်သိပ်မြှောက်ကာ ပတ်ဝန်းကျင်ကို အသိပေးဖိတ်ကြားပြီး ပြုလုပ်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013