DVB Logo
Home
မြန်မာသတင်း
မယားပါကလေးအား ဓားဖြင့်ခုတ်သတ်ပြီး အလောင်းဖွက်ထားသူကို ဖမ်းဆီး
DVB
·
November 5, 2018
မယားပါကလေးအား ဓားဖြင့်ခုတ်သတ်ပြီး အလောင်းဖွက်ထားသူကို ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာမှာ မယားပါသား ၆ နှစ် ကလေးငယ်အား လည်လှီးသတ်ဖြတ်ပြီး အလောင်းဖွက်ထားတဲ့ ပထွေးဖြစ်သူကို နိုဝင်ဘာ ၄ ရက်မနက်က ဖမ်းဆီးခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

အခင်းဖြစ်ပွားရာ သရက်ကုန်း အိမ်အမှတ် ၁၄၁၊ ဦးစန်းအောင် ဒေါ်ခင်မာချိုတို့နေအိမ်က အပုပ်နံ့ရရှိကြောင်း သတင်းအရ မိုးညှင်းရဲစခန်းက သက်သေတွေနဲ့ သွားရောက်စစ်ဆေးရာ ဒေါ်ခင်မာချိုရဲ့သား မောင်ရန်မျိုးကျော်ကို ယာဖက်နောက်စေ့ကနေ မေးစေ့အထိ ၆ လက်မလောက် ပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတာပါ။

ဒုရဲမူးက ဒေါ်ခင်မာချိုအားစစ်မေးရာ လွန်ခဲ့တဲ့ ၄ ရက်လောက်က သူတို့သားအမိ အိပ်ခန်းထဲမှာ အိပ်နေချိန် ခင်ပွန်းဖြစ်သူ ဦးစန်းအောင်က ဓားရှည်ကိုင် ရောက်ရှိလာကာ ရုတ်တရက် သားဖြစ်သူကို လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ သူ့ကိုလည်း သတ်မှာစိုးလို့ ဘယ်သူ့ကိုမှမပြောရဲဘဲ ကလေးအလောင်းကိုစောင်နဲ့ထုပ်ပြီး အိပ်ခန်းထဲဖွတ်ထားပြီး သူတို့လင်မယားက အိမ်ရှေ့ခန်းမှာ ထွက်အိပ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့လင်မယား နှစ်ယောက်လုံးက မူးယစ်ဆေးဝါး သုံးစွဲနေသူတွေဖြစ်ပြီး ဦးစန်းအောင်က စိတ်ဖောက်ပြန်ပြီး သတ်ခဲ့တာလို့ ပြောပါတယ်။

ကလေးအားသတ်သူ ဦးစန်းအောင်နဲ့ ကလေးသတ်ရာမှာ တားဆီးမှုမရှိ အလိုတူအလိုပါ ဒေါ်ခင်မာချိုတို့ကို မိုးညှင်းရဲစခန်းက ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013