DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ အန်အယ်လ်ဒီက ၆ နေရာ အနိုင်ရ၊ ကန်ပက်လက်မဲရလဒ် မထွက်သေး
DVB
·
November 4, 2018
ကြားဖြတ်ရွေးကောက်ပွဲ အန်အယ်လ်ဒီက ၆ နေရာ အနိုင်ရ၊ ကန်ပက်လက်မဲရလဒ် မထွက်သေး
Donate to DVB

မြန်မာတနိုင်ငံလုံး ကျင်းပပြုလုပ်နေတဲ့ မဲဆန္ဒနယ် ၁၃ နေရာမှာ လတ်တလောရတဲ့ မဲစာရင်းတွေအရ အန်အယ်လ်ဒီပါတီ ၆ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၃ နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာ၊ ရသေ့တောင်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အသီးသီး အနိုင်ရခဲ့ပါတယ်။

ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်နေရာအတွက်ကိုတော့ မဲရလဒ်တွေ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အန်အယ်လ်ဒီပါတီက ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်၊ မန္တလးတိုင်းမှာ ရှမ်းတိုင်းရင်းသားလူမျိုးဝန်ကြီးနေရာ၊ သပိတ်ကျင်းမြို့ မဲဆန္ဒနယ်၊ မြင်းခြံ မဲဆန္ဒနယ်၊ ပဲခူးတိုင်းမှာ အုတ်တွင်း၊ မကွေးတိုင်းမှာတော့ မင်းဘူး မဲဆန္ဒနယ်မှာ အသီးသီး အနိုင်ရထားပါတယ်။

USDP ပြည်ခိုင်းဖြိုးပါတီကတော့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းအမှတ် ၂ မဲဆန္ဒနယ်၊ မြစ်ကြီးနား၊နဲ့ စစ်ကိုင်းတိုင်း တမူးမြို့တွေမှာ အနိုင်ရပါတယ်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်က  မတူပီမြို့နယ်မှာ အနိုင်ရပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က လဲချား၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အသီးသီး အနိုင်ရသွားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်း ၆၂ ဦး၊ တသီးပုဂ္ဂလ ၇ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၉ ဦး ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013