DVB Logo
Home
မြန်မာသတင်း
ဆိပ်ကမ်းမြို့နယ် မဲရုံပိတ်သိမ်းပြီ၊ မဲစတင်ရေတွက်
DVB
·
November 3, 2018
ဆိပ်ကမ်းမြို့နယ် မဲရုံပိတ်သိမ်းပြီ၊ မဲစတင်ရေတွက်
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲကျင်းပနေတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄၃၄ ယောက်ရှိတဲ့အထဲက လူပေါင်း ၉၁၁ ယောက်မဲပေးခဲ့ပြီး နောက် ညနေ  ၄ နာရီမှာ မဲရုံပိတ်လိုက်ပြီဖြစ်ပြီး မဲစတင်ရေနေပြီဖြစ်ပါတယ်။

ဆိပ်ကမ်းမြို့နယ်ထဲက ရပ်ကွက်၂ ခုမှာ မဲရုံ ၂ ရုံဖွင့်လှစ်ထားပြီး ရဲရိပ်သာရပ်ကွက်မဲရုံမှာ ၇၄၆ ယောက်၊  မိသားစုရပ်ကွက် မဲရုံမှာ ၆၈၈ ယောက် ရှိပါတယ်။ မိသားစုရပ်ကွက်မဲရုံမှာ ကြိုတင်မဲ ၉ မဲရှိပြီး ရဲရိပ်သာမဲရုံမှာ ကြိုတင်မဲ ၁၂ မဲရှိပါတယ်။

ဆိပ်ကမ်းမြို့နယ်မှာ  နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်လောင်း ၈ ယောက်၊ တသီး ပုဂ္ဂလကိုယ်စားလောင်း ၁ ယောက်၊ စုစုပေါင်း ၉ ယောက် ဝင်ပြိုင်တာ ဖြစ်ပြီး  ပြည်နယ်တိုင်း ၉ ခုမှာ ကျင်းပတဲ့ မဲဆန္ဒနယ် ၁၃ နေရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အနည်းဆုံးနဲ့ ကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာဖြစ်ပါတယ်။

အခုကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း စုစုပေါင်း ၇ ယောက် ဝင်ပြိုင်တာဖြစ်ပြီး ဆိပ်ကမ်းမြို့နယ်မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၂ ယောက် ပါဝင်ပါတယ်။

ဆိပ်ကမ်း ၂ မဲဆန္ဒနယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၅၅၂ ယောက်၊ မဲပေးသူ ၉၆၃ ယောက်နဲ့ မဲပေးမှုရာခိုင်နှုန်း ၆၂.၀၅ ရှိခဲ့ပြီး မဲရလဒ်အနေနဲ့ အန်အယ်လ်ဒီ ပါတီက ၅၄၈မဲ ၊ ကြံ့ခိုင်ရေးပါက ၄၀၄ မဲနဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013