DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက် ကြားဖြတ်ရွေးကောက်ပွဲ ပြည်ပကြိုတင်မဲပေးမှု စီအန်ဒီပီ အနိုင်ရ
DVB
·
November 3, 2018
ကန်ပက်လက် ကြားဖြတ်ရွေးကောက်ပွဲ ပြည်ပကြိုတင်မဲပေးမှု စီအန်ဒီပီ အနိုင်ရ
1 / 4
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ မြို့ပေါ်ရပ်ကွက်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ပြည်ပ ကြိုတင်မဲတွေ ရေတွက်မှုရလဒ်အရ ချင်းအမျိုးသား ဒီမိုကတစ်ပါတီ (စီအန်ဒီပီ) အနိုင်ရထားတယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့ ကော်မရှင်ရုံးမှာ ရေတွက်ခဲ့တာဖြစ်ပြီး စီအန်ဒီပီက ၄၂ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၈ မဲ၊ အန်အယ်လ်ဒီက ၁၅ မဲ၊ ချင်းတိုးတက်ရေးပါတီ (စီပီပီ) က ၆ မဲ ရရှိခဲ့တယ်လို့ ကော်မရှင်းရုံးမှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် အောင်ကိုလတ်က ပြောပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ မြို့ပေါ်ရပ်ကွက်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးဖို့ ကျန်နေသူတွေ မဲလာပေးနိုင်အောင် မဲရုံတွေကို ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားတာပါ။ လက်ရှိမှာတော့ မြို့ပေါ် မဲရုံ ၃ ရုံ ပိတ်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။

မြို့နယ်အတွင်း မဲရုံ ၆၉ ရုံမှာ အချို့မဲရုံတွေကတော့ မဲပေးနိုင်သူနည်းတဲ့အတွက် မဲရေတွက်တာတွေ ပြုလုပ်ပြီး မဲရလဒ်သတင်းတွေ တက်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် မြို့နယ်ကော်မရှင်က ပုံစံ ၁၆ နဲ့ ပေးပို့လာတာတွေကိုပဲ အတည်ပြု လက်ခံသွားမယ်လို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးမြမောင်းက ပြောပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၂၆ ခု၊ မဲရုံပေါင်း ၆၉ ရုံရှိပြီး ဆန္ဒမဲပေးနိုင်သူပေါင်း  ၁၂၄၄၉ ယောက် ရှိပါတယ်။

ကန်ပက်လက်မြို့နယ်မှာ လစ်လပ်ပြည်သူ့လွှတ်တော်တနေရာအတွက်  ပါတီကြီး ၂ ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နဲ့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီတို့ အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အောင်ကိုလတ်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013