DVB Logo
Home
မြန်မာသတင်း
ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံ ၂ ရုံတွင် အေအန်ပီပါတီ ဦးဆောင်နေဟုဆို
DVB
·
November 3, 2018
ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံ ၂ ရုံတွင် အေအန်ပီပါတီ ဦးဆောင်နေဟုဆို
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်ရှိ  မဲရုံ ၂ ရုံမှာ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်လာပြီး ရခိုင်အမျိုးသားပါတီ (အေအန်ပီ)က ဦးဆောင်နေတယ်လို့ အဲ့ဒီနယ်မှာ တသီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်တဲ့ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ ဦးတင်မောင်ဝင်းက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် ညနေ ၃ နာရီခွဲလောက်အထိ ရရှိထားတဲ့ မဲရလဒ် အခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းချက်ကို ဦးတင်မောင်ဝင်းက ဖြေကြားခဲ့တာပါ။

“အခြေအနေက မဲရုံ ၂ ရုံ စာရင်း ထွက်လာပါတယ်။ အဲ့ဒီမှာ အေအန်ပီက အများဆုံးပေါ့၊ လောလောဆယ်က။”

ရသေ့တောင် မဲဆန္ဒနယ်အတွင်း မဲပေးနေကြတာ အေးအေးချမ်းချမ်းရှိတယ်လို့လည်း ပြောပါတယ်။

ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်မှာ  မဲရုံပေါင်း ၈၆ ရုံရှိပြီး ဆန္ဒမဲပေးနိုင်သူပေါင်း ၅၂၃၀၀ လောက်ရှိပါတယ်။ မဲဆန္ဒနယ်အတွင်း ရခိုင်အမျိုးသားပါတီ (အေအန်ပီ)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တို့ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄ ဦး ၀င်ရောက်ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

မဲပေးမယ့်ရက် မတိုင်မီကလည်း ရသေ့တောင်မြို့နယ်မှာ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ကိုယ်စားလှယ်အနိုင်ရလိမ့်မယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်ချက်တွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တရားဝင်မဲရလဒ်တွေကတော့ ထွက်မလာသေးဘဲ  ညနေ ၄ နာရီ မဲရုံတွေပိတ်ပြီးမှ စတင် ရေတွက်ရမှာ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ သွားလာရခက်ခဲတဲ့ ဒေသတွေမှာတော့ မဲရလဒ်တွေသရှိရဖို့ ရက်နဲ့ချီ ကြာမြင့်နိုင်ပါတယ်။

အလားတူ ချင်းပြည်နယ်၊ မတူပီ အမှတ် ၁ မဲဆန္ဒနယ်မှာ ၀င်ပြိုင်နေတဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ဆလိုင်းအောင်လျန်းကလည်း ညနေပိုင်း ထွက်ပေါ်ခဲ့တဲ့ မဲရလဒ်တွေအရ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထက် မဲ ၅၀၀ ကျော် ပိုရထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013