DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲရလဒ် မန္တလေးတိုင်း အန်အယ်လ်ဒီရုံးရှေ့ LED Boardဖြင့် ပြသမည်
DVB
·
November 3, 2018
ကြားဖြတ်ရွေးကောက်ပွဲရလဒ် မန္တလေးတိုင်း အန်အယ်လ်ဒီရုံးရှေ့ LED Boardဖြင့် ပြသမည်
Donate to DVB

မန္တလေးတိုင်းဒေသကြီးမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးရုံးရှေ့မှာ LED Board နဲ့ အချိန်နဲ့ တပြေးညီ ပြသပေးမယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၁ နဲ့ ရှမ်းတိုင်းရင်းသားလူမျိုး မန္တလေး တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တို့ရဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဒီကနေ့ ညနေ ၆ နာရီမှာ မန္တလေးမြို့ ၇၂ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ မန္တလေးတိုင်း အန်အယ်လ်ဒီရုံးချုပ်မှာ ပြသမှာပါ။

မန္တလေးတိုင်းဒေသကြီး တခုလုံးမှာ မဲရုံပေါင်း ၆၈၇ ရုံဖွင့်လှစ်ထားပြီး   ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ဆန္ဒရှင်ပေါင်း သုံးသိန်းတသောင်းကျော် ရှိနေတာပါ။

မန္တလေးခရိုင်ထဲမှာ  ရှမ်းတိုင်းရင်းသားလူမျိုး မန္တလေးတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အတွက်  ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်တွေရဲ့ လာရောက်မဲပေးမှုနဲ့ စိတ်ဝင်စားမှု နည်းပါး နေတယ်လို့ ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မြတ်သစ်က ပြောပါတယ်။

''ကြားဖြတ်ရွေးကောက်ပွဲဖြစ်တဲ့အတွက် အထွေထွေရွေးကောက်ပွဲကြီးနဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ အထွေထွေရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ပြီး စိတ်ဝင်စားမှု နည်းတယ်၊ များတယ်၊ တွက်နေကြလို့ စိတ်ဝင်စားမှု နည်းတယ် ပြောနေကြတာပါ။ အထွေထွေ ရွေးကောက်ပွဲေ လာက်တော့ စိတ်ဝင်စားမှု ဘယ်ရှိနိုင်ပါမလဲ။  မှန်မှန်လေး ခပ်ကျဲကျဲလေးတော့ လာပေးနေကြပါတယ်''

မန္တလေးခရိုင်အတွင်း အောင်မြေသာစံမြို့နယ်မှာ မဲဆန္ဒရှင် ၁၃၈၆ ဦး၊ ချမ်းအေးသာစံမြို့နယ်မှာ ၃၇၅၉ ဦး၊ မဟာအောင်မြေမြို့နယ်မှာ ၃၁၀ဝ ဦး၊ ချမ်းမြသာစည်မြို့နယ်မှာ ၂၂၂၆ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ၁၂၅၀ ဦး၊ အမရပူရမြို့နယ်မှာ ၂၄၀ဦးနဲ့ ပုသိမ်ကြီးမြို့နယ်မှာ ၁၃၁ ဦး စုစုပေါင်း (၁၂၀၉၂)ဦး ရှိပါတယ်။

မန္တလေးခရိုင်အတွင်းမှာ မဲရုံ ပေါင်း ၁၂၈ရုံ ရှိပြီး  ဒီကနေ့ မနက်ပိုင်းအထိ မဲရုံအများစုမှာ ဆန္ဒမဲ လာပေးသူ ၅၀ ဦးအောက်သာ ရှိနေတယ်လို့ သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်မှာ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက  ရှမ်းတိုင်းရင်းသားလူမျိုး မန္တလေးတိုင်း ဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အတွက် မဲပေးခွင့်ရတဲ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်သာ လာရောက် မဲပေးခဲ့ကြတယ်။

အခု ၂၀၁၈ နိုဝင်ဘာ ၃ရက်  ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲပေးသူ ဦးရေ ပိုများ လာနိုင်တယ်လို့ မန္တလေးမြို့ခံ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တွေက သုံးသပ်ပြောပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013