DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုလွှတ်တော် ၂၀၁၉ ဒီဇင်ဘာတွင် ရပ်နားမည်
DVB
·
November 3, 2018
ပြည်ထောင်စုလွှတ်တော် ၂၀၁၉ ဒီဇင်ဘာတွင် ရပ်နားမည်
Donate to DVB

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို ၂၀၁၉ ခုနှစ်မှာ ၁၄ ကြိမ်မြောက်အထိ ကျင်းပမှာ ဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာ ၂၀ ရက်မှာ ရပ်နားမယ်လို့  လွှတ်တော်အစီအစဉ်တွေကို လျာထား ထုတ်ပြန်ထားတဲ့ လွှတ်တော် ပြက္ခဒိန် အရသိရပါတယ်။

ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာလှမိုးက “နိုင်ငံတကာ ပါလီမန်တွေမှာ ဘယ်ပါလီမန်ကိုကြည့်ကြည့် ပါလီမန် Calendar (လွှတ်တော်ပြက္ခဒိန်) ဆိုတာ ရှိတာ။ ကျနော်တို့ လွှတ်တော်ကတော့ အဲလိုမရှိဘဲ ကြုံသလို ကျင်းပလာခဲ့တာ။ အခု အတိအကျကြီး မဟုတ်သေးဘဲ အကြမ်းဖျင်း လျာထားတာ ထွက်လာတယ်ဆိုပေမယ့် ကိုယ်စားလှယ် တယောက် အနေနဲ့ လွှတ်တော် အစည်းအဝေး၊ နားရက်၊ ပိတ်ရက်၊ မဲဆန္ဒရှင်တွေနဲ့ တွေ့နိုင်မယ့်ရက် ကြိုတင် တွက်ချက်လို့ရတာပေါ့” လို့ ပြောပါတယ်။

လက်ရှိရပ်နားထားတဲ့ ၁၀ ကြိမ်မြောက်လွှတ်တော်အရပ်ရပ်ရဲ့ အစည်းအဝေးတွေကို လာမယ့် နိုဝင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

၁၁ ကြိမ်မြောက် အစည်းအဝေးတွေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်ကနေ မတ်လ ၁၅ ရက်အထိ၊ ၁၂ ကြိမ်မြောက် အစည်းအဝေးတွေကို ဧပြီ ၂၂ ရက်ကနေ ဇွန် ၇ ရက်အထိ၊ ၁၃ ကြိမ်မြောက် အစည်းအဝေးတွေကို ဇူလိုင် ၁၅ ရက်ကနေ စက်တင်ဘာ ၂၀ ရက်အထိ၊ ၁၄ ကြိမ်မြောက် အစည်းအဝေးတွေကို နိုဝင်ဘာ ၄ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပဖို့ လျာထားတာပါ။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ၊ မေနဲ့ သြဂုတ်လ တလလုံးမှာ အစည်းအဝေးရှိနေပြီး အောက်တိုဘာ တလလုံးကတော့ အစည်းအဝေးတွေ ရပ်နားထားပါတယ်။

ဒါကြောင့် ဒီ ၁၅ လတာ ကာလအတွင်းမှာ ရုံးပိတ်ရက်အပါအဝင် အစည်းအဝေး ရပ်နားထားတာ ၂၀၁ ရက်၊ ရုံးပိတ်ရက် အပါအဝင် အစည်းအဝေး ကျင်းပမယ့် ရက်ပေါင်း ၂၅၆ ရက် ရှိနေပါတယ်။

ဒီလို အချိန်စာရင်းထွက်လာဖို့အတွက် ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်မှာ အဆိုတင်ခဲ့ပေမယ့် အကောင်အထည်မပေါ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013