DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အိမ်ခန်းပေါင်း ၃ သိန်းခန့် တည်ဆောက်ရန် လိုအပ်နေ
DVB
·
November 3, 2018
ရန်ကုန်တွင် အိမ်ခန်းပေါင်း ၃ သိန်းခန့် တည်ဆောက်ရန် လိုအပ်နေ
Donate to DVB

ရန်ကုန်မြို့မှာ အိမ်ရာအခန်းပေါင်း ၃ သိန်းခန့် တည်ဆောက်ဖို့ လိုအပ်နေပြီး မြေနေရာရရှိဖို့၊ တည်ဆောက်ဖို့နဲ့ ရင်းနှီးမြှပ်နှံမယ့်သူ ရှာဖွေနေရဆဲအဆင့်မှာပဲ ရှိသေးတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

နိုဝင်ဘာ ၂ရက်က ရန်ကုန်၊ ဆီဒိုးနားဟိုတယ်မှာလုပ်ခဲ့တဲ့ မြန်မာဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးနဲ့ အိမ်ရာလုပ်ငန်း အသင်းတို့ စီစဉ်တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

"ရန်ကုန်မြို့ပေါ်မှာ နေစရာမရှိဘဲ ကျူးကျော်နေထိုင်နေရတဲ့ အိမ်ထောင်စုပေါင်း ၁သိန်းခွဲ ကျော်ရှိပြီး လူဦးရေ ၄ သိန်းဝန်းကျင်ခန့်ရှိပါတယ်။ ဒါ့ကြောင့် အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ ကျူးကျော်နေထိုင်သူတွေ အားလုံးပေါင်းပါက အိမ်ရာအခန်းပေါင်း ၃ သိန်းခန့် တည်ဆောက်ဖို့  လိုအပ်မှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဆောင်ရွက်နိုင်ဖို့ အစိုးရသစ် စတင်တာဝန်ယူတဲ့ အချိန်က စတင်ပြီး ကြိုးပမ်းခဲ့ပါတယ်။ မြေနေရာရရှိဖို့၊ တည်ဆောက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရှာဖွေရခြင်းတွေအတွက် ပြင်ဆင်ဆောင်ရွက် နေရတဲ့ ကာလတခုမှာပဲ တည်ရှိနေပါသေးတယ်”

အခုဆွေးနွေးပွဲမှာ ရန်ကုန်မှာ အိမ်ရာတည်ဆောက်ဖို့အရေးကို ဂျပန်မိတ်ဆွေတွေနဲ့ ဆွေးနွေးတိုင်ပင်ကြမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်မြို့မှာ  စက်မှုဇုန် ၂၉ ခု နဲ့ စီးပွားရေးဇုန် တခုရှိပြီး စီးပွားရေးဇုန်ဟာ ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီးပွားရေးဇုန်ကြီးဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ရန်ကုန်တဘက်ကမ်းမှာ မြို့သစ်တည်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်သလို တန်ဖိုးနည်းတိုက်ခန်းတွေတည်ဆောက်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ပါတယ်။

အစိုးရသစ်ရဲ့ကျန်ရှိတဲ့ ၂နှစ်ခွဲကာလအတွင်း တနိုင်ငံလုံးမှာ အစိုးရနဲ့ ပုဂ္ဂလိကတို့ပူးပေါင်းတဲ့ PPP စနစ်နဲ့ အိမ်ခန်းပေါင်း ၄၀၀၀ ကျော်၊ ကုမ္ပဏီတွေအနေနဲ့ အိမ်ခန်းပေါင်း ၆၀၀၀ ကျော် စုစုပေါင်း အခန်းပေါင်း ၁၀၀၀၀ ကျော် ပြီးစီးအောင်တည်ဆောက်သွားမယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြီးခဲ့တဲ့ စက်တင်ဘာလက ပြည်ထောင်စုလွှတ်တော်မှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013