DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေးမိသားစုကို ကျပ်သိန်း ၁၅၀၀ ပေးခဲ့ဟု တရားလို ထွက်ဆို
DVB
·
November 3, 2018
အောင်ရဲထွေးမိသားစုကို ကျပ်သိန်း ၁၅၀၀ ပေးခဲ့ဟု တရားလို ထွက်ဆို
Donate to DVB

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှုမှာ ကျူးလွန်သူတွေက အောင်ရဲထွေး မိသားစုကို ငွေကျပ်သိန်း ၁၅၀၀ ပေးခဲ့ရတယ်လို့ တရားလိုဖြစ်သူ ဦးမိုးနိုင်က နိုဝင်ဘာ ၂ ရက်နေ့ ရုံးချိန်း တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

သန်းထွဋ်အောင်ရဲ့ ဖခင်က အောင်ရဲထွေးရဲ့ အဖေကို ကျပ်သိန်း ၁၃၀၀၊ အစ်ကိုဖြစ်သူကို ကျပ်သိန်း ၁၀၀ နဲ့ ဦးလေး တော်စပ်သူကို ကျပ်သိန်း ၁၀၀ စုစုပေါင်း ကျပ်သိန်း ၁၅၀၀ တိတိပေးခဲ့တယ်လို့ တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးမိုးနိုင်ကို ရုံးချိန်းမှာ စစ်မေးချိန်မှာ ပြောခဲ့တာပါ။

အဂတိလိုက်စားမှု ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး တိုင်းဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးအပါ တရားသူကြီး ၅ ဦးကို ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်မှာ ရုံးထုတ်ခဲ့ပါတယ်။

ရုံးချိန်းမှာ တရားလိုပြုလုပ်တိုင်ကြားတဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့ဝင် ဦးမိုးနိုင်ကို စစ်ဆေးမေးမြန်းခဲ့ပြီး တရားလိုရဲ့ထွက်ဆိုချက်တွေကို တရားစွဲဆိုခံထားသူ တရားသူကြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။

နောက်လာမယ့်ရုံးချိန်းမှာတော့ ကန့်ကွက်ခဲ့တဲ့အကြောင်းကို တရားသူကြီးက သက်သေအဖြစ် လက်ခံသင့် မသင့် အမိန့်ချသွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013