DVB Logo
Home
မြန်မာသတင်း
မင်းဘူးမြို့နယ်တွင် မဲစာရင်း ကြိုတင်မကြည့်ထားသူအချို့ မဲပေးခွင့် ဆုံးရှုံး
DVB
·
November 3, 2018
မင်းဘူးမြို့နယ်တွင် မဲစာရင်း ကြိုတင်မကြည့်ထားသူအချို့ မဲပေးခွင့် ဆုံးရှုံး
Donate to DVB

မကွေးတိုင်းဒေသကြီး  မင်းဘူးမြို့နယ်မှာ ကျင်းပတဲ့  ကြားဖြတ်ရွေးကောက်ပွဲမှာ မဲစာရင်း ကြိုတင်မကြည့်ထားကြတာကြောင့် မဲပေးခွင့် ဆုံးရှုံးသူတချို့ ရှိတယ်လို့ သိရပါတယ်။

မင်းဘူးမြို့ အမှတ်​ (၃) ရပ်​ကွက်​ မဲရုံနံပါတ်​ (၃)မှာ မဲလာပေးသူတဦးက “ကျနော်တို့ လာကြည့်တဲ့အချိန်မှာ ကျနော်တို့ နာမည်စာရင်းပျောက်နေတယ်။ မဲပေးခွင့်ဆုံးရှုံးခဲ့တာကို ပြောချင်တယ်။ ရပ်ကွက်ထဲ သာရေးနာရေး အလှူငွေ ထည့်တဲ့အချိန်ကျရင် ကျနော်တို့ကို သတိရတယ်။ ထည့်ပါဦး၊ ပြုပါဦးပေါ့။ အခု ဒီလိုမဲပေးတဲ့ ကျနော်တို့ နာမည်ပျောက်နေလို့ သွားပြောတဲ့အချိန်မှာ မရတော့ဘူးတဲ့။ မိသားစု ၂ ဦး မဲပေးခွင့် ဆုံးရှုံးတာပါ။ မဲ ၂ ပြား လျော့သွားရင်လည်း ၂ ပြား သိသာတယ်၊ ကျနော်တို့ ဖြစ်ချင်တဲ့ ပါတီကိုပေါ့။ အရမ်းအရမ်း နစ်နာပါတယ် ပြည်သူတွေ။”

တချို့မဲလာပေးသူတွေကတော့ မဲစာရင်း လွဲနေတာနဲ့ မဲပေးရမယ့် မဲရုံနေရာ လွဲနေတာတွေလည်း အတော်များများ တွေ့ရတယ်လို့ မဲရုံ အမှတ် (၃) မှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် မင်းထီးက ပြောပါတယ်။

“တချို့က ကြားဖြတ်ရွေးကောက်ပွဲဆိုပြီး စိတ်ဝင်စားမှု နည်းပါးတဲ့အတွက် မကြည့်ဖြစ်ကြဘူး။ ဒီနေ့ကျမှ မဲစာရင်းလာကြည့်တော့ မဲပေးခွင့်ဆုံးရှုံးတာတွေရယ်၊ မဲပေးတဲ့နေရာ လွဲချော်မှုရှိတာတွေ တွေ့ရတယ်။”

ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာ မဲဆန္ဒရှင်စာရင်းတွေကို သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေမှာ ရွေးကောက်ပွဲကော်မရှင်က နှစ်ကြိမ်တိုင်တိုင် ကြေညာကပ်ထားပေးခဲ့ပြီး  လာရောက်ကြည့်ရှုကြဖို့နဲ့ မဲစာရင်းမှာ မပါရင်သူတွေ လျှောက်ထားကြဖို့လည်း အကြိမ်ကြိမ် ကြေညာခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်နေရာအတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ညီညွတ်​​သော ဒီမိုကရက်​တစ်​ပါတီနဲ့ တ​သီးပုဂ္ဂလ ကိုယ်​စားလှယ်​​လောင်း ၂ ဦး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မင်းဘူးမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း  ၉၆ ရုံနဲ့ မဲပေးခွင်​ရှိသူပေါင်း ၆၈၄၁၄ ဦးရှိပါတယ်။

မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013