DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲပေးခွင့်ရရှိဟု ချင်းပြည်နယ် မဲဆန္ဒရှင်များပြော
DVB
·
November 3, 2018
ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲပေးခွင့်ရရှိဟု ချင်းပြည်နယ် မဲဆန္ဒရှင်များပြော
Donate to DVB

နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ်မဲ ပေးခွင့်ရပြီး အခက်အခဲမရှိဘူးလို့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် မဲဆန္ဒရှင်တွေက ပြောပါတယ်။

ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားသူ နည်းပေမယ့် မြို့ပေါ်က ပြည်သူတွေကတော့ ကြိုးကြားကြိုးကြား လာရောက်ပေးနေကြပါတယ်။

မဲလာပေးခဲ့တဲ့မဲန္ဒရှင်တယောက်က “နိုင်ငံသားတယောက်ရဲ့ တာဝန်အရ ရွေးကောက်ပွဲရှိရင် မဲပေးရမှာပဲ။ ဒါကြောင့်လာပေးတာပါ။ တခြားလိုအပ်ချက်တော့ မရှိပါဘူး။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်အနေနဲ့ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးစေချင်တယ်”လို့ ပြောပါတယ်။

ကန်ပက်လက်မြို့နယ်က လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေးနဲ့ ချင်းတိုင်းရင်းသားပါတီ နှစ်ပါတီတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နေကြတာပါ။

အခုကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလောက် ပြည်သူတွေ စိတ်ဝင်စားမှု မရှိသလို နိုင်ငံရေးပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးတာတွေ အားနည်းခဲ့ပြီး အရပ်ဖက်အဖွဲ့ အစည်းတွေ အနေနဲ့လည်း မဲဆန္ဒရှင် အသိပညာပေးတာတွေ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013