DVB Logo
Home
မြန်မာသတင်း
မဲပေးသူထက် မီဒီယာတွေများနေဟု အမေရိကန်သံအမတ်ပြော  
DVB
·
November 3, 2018
မဲပေးသူထက် မီဒီယာတွေများနေဟု အမေရိကန်သံအမတ်ပြော  
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလာပေးဖို့ရှိနေတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မဲရုံအမှတ် (၃) ခြင်းလုံးအားကစားရုံကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီရယ် ဒီကနေ့ မနက်က လာရောက်ကြည့်ရှုသွားပါတယ်။

မဲရုံရှေ့မှာ ဆန္ဒမဲလာပေးသူဦးရေထက် မီဒီယာတွေကပိုများနေတာကို မြင်တွေ့ရတယ်လို့ သံအမတ်ကြီးက ပြောသွားပါတယ်။ အမေရိကန်မှာလည်းလွှတ်တော် သက်တမ်းဝက်ကာလ ရွေးကောက်ပွဲတွေရှိနေတဲ့အကြောင်းနဲ့ သူကိုယ်တိုင် ဆန္ဒမဲပေးပြီးသွားပြီဖြစ်တယ်လို့ လည်း အမေရိကန် သံအမတ်က ပြောသွားပါတယ်။

တာမွေမြို့နယ်၊ မဲရုံအမှတ် (၃) မှာ ဆန္ဒမဲပေးခွင့်ရှိသူ သမ္မတကြီး အပါအ၀င် အမျိုးသား ၃၈၀ ၊ အမျိုးသမီး ၅၂၇ ဦး စုစုပေါင်း ၉၀၇ ဦးရှိပါတယ်။

သမ္မတကတော့ မနက် ၁၀နာရီခွဲ အချိန်လောက်အထိ မဲလာရောက်ပေးခြင်းမရှိသေးဘဲ ပြည်တွင်းပြည်ပက သတင်းမီဒီယာသမား ၁၀၀ ကျော်လောက်က မဲရုံရှေ့မှာ စောင့်ဆိုင်းနေသလို၊ ရဲလုံခြုံရေး တပ်ဖွဲ့တွေလည်း မြေပြင်မှာရော တိုက်ခေါင်မိုးပေါ်မှာပါ တင်းကျပ်ချထားပါတယ်။

ဓာတ်ပုံ- စိုးမိုးအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013