DVB Logo
Home
မြန်မာသတင်း
မဲလာပေးမည့် သမ္မတဦးဝင်းမြင့်ကို တိုင်စာပေးရန် ပြည်သူအချို့ စောင့်ဆိုင်း (ဓာတ်ပုံ)
DVB
·
November 3, 2018
မဲလာပေးမည့် သမ္မတဦးဝင်းမြင့်ကို တိုင်စာပေးရန် ပြည်သူအချို့ စောင့်ဆိုင်း (ဓာတ်ပုံ)
1 / 10
Donate to DVB

သမ္မတဦးဝင်းမြင့် မဲလာပေးမယ့် တာမွေမြို့နယ် မဲရုံအမှတ် ၃ နားမှာ သမ္မတကို  စာပေးဖို့ လူတော်တော်များများ စောင့်နေကြပါတယ်။

တိုင်စာပေးမယ့်သူတယောက်က “ကျမတို့က သင်္ဃန်းကျွန်းက သိမ်းဆည်းခံမြေနဲ့ ပတ်သက်ပြီး တိုင်စာပေးမှာပါ။ အရင်ကလည်း ၃ ခေါက်တိတိစာပို့ဖူးတယ်။ အခုက သမ္မတကြီး မဲလာပေးတာကို မနက် ၅ နာရီကတည်းက စောင့်နေတာပါ။ တိုင်ကြားစာလက်ခံတဲ့အဖွဲ့တွေ ပါတယ်လို့ ကြားတယ်။ လုံခြုံရေးတွေ ပါရင်လည်း ခွင့်တောင်းပြီး ပေးရမှာပေါ့” လို့ ပြောပါတယ်။

သူနဲ့အတူ တိုင်စာပေးဖို့ စောင့်နေတဲ့ သူတွေ ၁၅ ယောက်လောက်ရှိတယ်လို့လည်း သူက ပြောပါတယ်။

နောက်တယောက်ကလည်း “တောင်ဥက္ကလာ ဘေလီတံတားနားက ဆိုင်ခန်းတွေနေရာကို တပ်က ဖယ်ခိုင်းတဲ့ ကိစ္စ တိုင်စာပို့ဖို့ပါ။ ပုသိမ်မှာတုန်းက သမ္မတဆီကို တိုင်စာ ၈၁  စောင်ပေးကြပြီး သမ္မတကိုယ်တိုင်ဖတ်မယ်လို့ကြားလို့ အခု လာစောင့်တာပါ” လို့ ပြောပါတယ်။

အဲဒီနေရာကို ရောက်နေတဲ့ ဒီဗွီဘီ သတင်းထောက်က တိုင်စာပို့ဖို့ စောင့်နေသူ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တာမွေမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး အခု ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မနေ့ညကပဲ ရန်ကုန်ကို ရောက်ရှိနေပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013