DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်တွင် လာရောက်မဲပေးသူ အလွန်နည်းနေ
DVB
·
November 3, 2018
ကန်ပက်လက်တွင် လာရောက်မဲပေးသူ အလွန်နည်းနေ
Donate to DVB

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်  ဒီနေ့မနက်ပိုင်း မဲရုံ ၂ စတင်ဖွင့်ချိန် ၆ ကစပြီး ၉ နာရီအထိ မဲပေးသူ အလွန်နည်းနေသေးတယ်လို့ သိရပါတယ်။

“ဒီဒေသက တောင်ပေါ်ဒေသဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တာတို့၊ အေးတာရောဖြစ်တဲ့အတွက် မနက်ကဆိုရင် ၆ နာရီမထိုးခင်ကတည်းက မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေတာမျိုး မတွေ့ရပါဘူး။ မဲရုံဖွင့်ပြီးတာတောင်မှ မဲလာပေးမယ့်သူက ၁ ယောက်စ၊ နှစ်ယောက်စ အနေအထားမျိုးပဲ ရှိပါသေးတယ်။ အင်တိုက်အားတိုက် လာပေးတာတော့ မရှိပါဘူး။” လို့ မဲရုံ ၂ မှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် အောင်ကိုလတ်က ပြောပါတယ်။

အခုလို ဆန္ဒမဲ ပေးသူ နည်းပါးတာဟာ ရာသီဥတု အေးတာကြောင့်ရော ပါသလို ၂၀၁၅ တုန်းကလိုမျိုး အိမ်တွေမှာလိုက်ပြီး မဲဆွယ်စည်းရုံးတာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မဲလာပေးတဲ့သူတွေ ပြောကြားချက်အရ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရကြတယ်လို့ ပြောပါတယ်။

ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၂၆ ခု၊ မဲရုံပေါင်း ၆၉ ရုံရှိပြီး ဆန္ဒမဲပေးနိုင်သူပေါင်း  ၁၂၄၄၉ ယောက် ရှိပါတယ်။

ကန်ပက်လက်မြို့နယ်မှာ လစ်လပ်ပြည်သူ့လွှတ်တော်တနေရာအတွက်  ပါတီကြီး ၂ ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နဲ့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီတို့ အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့က ပြည်နယ်လစ်လပ်မဲဆန္ဒနယ်အတွက် ဒေသခံပြည်သူတွေက မဲပေးနေကြပါတယ်။ မတူပီမြို့နယ်မှာ မဲရုံပေါင်း ၇၀ ရှိပြီး မဲပေးနိုင်သူဦးရေ ၁၇၃၆၂ ယောက် ရှိပြီး လစ်လပ်နေရာအတွက် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ဒေသခံ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ၂ ခုပဲ ယှဉ်ပြိုင်တာပါ။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှာပါဝင်တဲ့ ကျောက်ချောင်းကျေးရွာထဲက မဲရုံတွေမှာတော့ မဲရုံတွေကို မနက် ၆ နာရီမှာ ဖွင့်လှစ်ပေးခဲ့ပြီး မဲရုံစတင်ဖွင့်လှစ်ချိန်မှာတော့ မဲဆန္ဒရှင်တချို့ လောက်ပဲ လာရောက်မဲပေးတာကို တွေ့ရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013