DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ဖြစ်တဲ့အတွက် အင်တိုက်အားတိုက် တအားကြီး တိုးဝှေ့မပေးဘူး - ဦးသန်းလွင်
DVB
·
November 3, 2018
ကြားဖြတ်ဖြစ်တဲ့အတွက် အင်တိုက်အားတိုက် တအားကြီး တိုးဝှေ့မပေးဘူး - ဦးသန်းလွင်
Donate to DVB

မြင်းခြံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ အင်တိုက်အားတိုက် မဟုတ်ပေမယ့် စိတ်ဝင်တစားတော့ လာရောက်မဲမေးနေကြတယ်လို့ အမှတ် ၅ ရပ်ကွက် ကြားဖြတ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။

“မနက် ၆ နာရီ မဲရုံစဖွင့်ဖွင့်ချင်းပဲ မဲပေးတဲ့သူတွေ လာကြပါတယ်။ ဒါပေမယ့် ကျနော်တို့ မဲရုံမှာ လူဦးရေ ၉၀၀ ကျော်ရှိတော့ ခန့်မှန်းချေ ၆ နာရီကနေ ၈ နာရီအတွင်း ၁၀၀ ကျော်လောက် ပေးပြီးပြီ။ အချိန်က စောသေးတဲ့အတွက် ခန့်မှန်းလို့တော့ မရသေးဘူး။ အခုက ကြားဖြတ်လည်းဖြစ်တဲ့အတွက် အင်တိုက်အားတိုက် တအားကြီး တိုးဝေ့မပေးဘူး။ ပုံမှန်လေးတော့ စိတ်ဝင်တစားလာပေးနေကြပါတယ်။”

မြင်းခြံမြို့နယ်​မှာ​ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲ​ပေးပိုင်​ခွင့်ရှိသူ ၂၂၀၀၀၀ ​ကျော်​ရှိပြီး၊ မဲရုံ​ပေါင်း ၂၆၈ ရုံ ထားရှိတယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်​မှာ လစ်​လပ်​​နေရာ ဖြစ်​တဲ့ ပြည်​သူ့လွှတ်​​တော်​ ၁ ​နေရာအတွက်​ အမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ၊ လူ့​ဘောင်​သစ်​ ဒီမိုကရက်​တစ်​ပါတီ၊ ပြည်​သူ့အလုပ်​သမားပါတီတို့ ဝင်​​ရောက်​ယှဉ်ပြိုင်​ အ​ရွေးခံသွားမှာလည်း ဖြစ်​ပါတယ်​။

ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ လစ်​လပ်​ ၁၃ ​နေရာအတွက်​ နိုင်​ငံ​ရေးပါတီ ၂၄ ခုမှ ၆၂ ဦးနဲ့ တစ်​သီးပုဂ္ဂလကိုယ်​စာလှယ်​​လောင်း ၇ ဦး၊ စုစု​ပေါင်း ၆၉ ဦး ယှဉ်​ပြိုင်​မှာဖြစ်​ပြီး အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ တါတီတည်းသာ​ ​နေရာအပြည့်​ ယှဉ်ပြိုင်​သွားမှာလည်း ဖြစ်​ပါတယ်​။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013