DVB Logo
Home
မြန်မာသတင်း
အုတ်တွင်း ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှု နာမည်လွဲမှားမှုအချို့ရှိ
DVB
·
November 3, 2018
အုတ်တွင်း ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှု နာမည်လွဲမှားမှုအချို့ရှိ
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ မဲရုံတွေ ဒီနေ့မနက်ပိုင်းက စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးကြရာမှာ နာမည်လွဲမှားမှု အချို့ရှိတယ်လို့ သိရပါတယ်။

အုတ်တွင်းမြို့နယ်မှာ မဲရုံ ၅ ရုံရှိပြီး မဲရုံအမှတ် ၂ မှာတော့ မဲပေးခွင့်ရှိသူ ၅၀၀ လောက်ထဲက ဒီနေ့မနက်ပိုင်း ဆန္ဒမဲလာပေးသူ ၄၀ လောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဆန္ဒမဲလာပေးသူတွေထဲမှာ တချို့ နာမည်လွဲမှားမှုတွေ ရှိတယ်လို့ မဲရုံအမှတ် ၂ မှာ ရောက်ရှိနေတဲ့ ဒီဗွီဘီသတင်းထောက် ကျော်အောင်က ပြောပါတယ်။

“နာမည်အလွဲအမှားလေးတွေ ရှိပါတယ်။ မိဘနာမည်လေးတွေ လွဲတာရှိတယ်။ တချို့ကျတော့ သူတို့နာမည်မှာ ၀စ္စနှစ်လုံးပေါက်ပိုတာလေးတွေပေါ့။ ဒါပေမယ့် သူတို့ကိုတော့ မဲပေးခွင့်မဆုံးရှုံးအောင် ကော်မရှင်ကနေပြီး အစစအရာရာ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။"

အုတ်တွင်းမြို့နယ်​မှာ လစ်​လပ်​​ တိုင်းဒေသကြီး လွှတ်​​တော်​ ၁ ​နေရာအတွက်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါဝင် ပါတီ ၇ ခုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် တယောက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ ၁၃ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ခုက  ကိုယ်စားလှယ်လောင်း ၆၂ ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ဦး စုစုပေါင်း ၆၉ ဦး ယှဉ်ပြိုင်မှာပါ။

ကျော်အောင်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013