DVB Logo
Home
မြန်မာသတင်း
ရသေ့တောင် ကူတောင်ကျေးရွာ ဆန္ဒမဲပေးမှု မြင်ကွင်း
DVB
·
November 3, 2018
ရသေ့တောင် ကူတောင်ကျေးရွာ ဆန္ဒမဲပေးမှု မြင်ကွင်း
1 / 7
Donate to DVB

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှာပါဝင်တဲ့ ကူတောင်ကျေးရွာထဲက မဲရုံတွေမှာတော့ မဲရုံတွေကို မနက် ၆ နာရီမှာ ဖွင့်လှစ်ပေးခဲ့ပြီး မဲရုံစတင်ဖွင့်လှစ်ချိန်မှာတော့ မဲဆန္ဒရှင် အချို့ လောက်ပဲ လာရောက်မေးပေးတာကို တွေ့ရပါတယ်။

မနက်ပိုင်းမှာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင်တွေကတော့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ပြီး လယ်ထဲဆင်းအလုပ်လုပ်နိုင်ဖို့အတွက် အခုလို စောစောစီးစီးလာရောက်မဲပေးတာဖြစ်တယ်လို့ ပြောပါတယ်။

ကူတောင်ကျေးရွာမှာ မဲပေးမယ့်သူ ၂  ထောင်ကျော်က မဲရုံ ၃ ရုံမှာ မဲပေးကြမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာ လစ်လပ်နေတဲ့ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနေ့ ကျင်းပနေတာဖြစ်ပြီး ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄၆ ရွာရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၅၂၃၀၀က မဲရုံပေါင်း ၈၆ ရုံမှာ မဲပေးကြရမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက ရသေ့တောင်မှာ ဆန္ဒမဲပေးနိုင်သူဦးရေ ၅၁၀၀၀ ကျော်သာရှိခဲ့ပေမယ့် အခုနှစ် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၁၀၀၀ ကျော်တိုးလာတာပါ။

ဆုဆုသွယ်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013