DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 2, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၈၄၃၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၁၁၀၀ ကျပ်ဈေးတက်လာပါတယ်။  မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၇၆၀၀၀ ကနေ ၈၂၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန် နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၃၀၀  ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီအဟောင်းက ၁ အိတ်ကို ၆၈၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၉၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၆၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၃၅၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၇၀၀၀၀ ကနေ ၁၈၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၅၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် ၁ အိတ်ကို ၂၈၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက် (စမုံ) က ၁ အိတ်ကို ၂၂၅၀၀၀ ကနေ ၂၄၅၀၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် ၁ အိတ်ကို  ၅၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတာ့ နှမ်းညိုက ၁ အိတ်ကို ၁၆၂၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀၀  ကျပ်ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၅၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ အိတ်ကို ၄၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁၇၁၀ ကနေ ၁၇၂၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ်ဈေး ကျဆင်းသွားပါတာယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၇၅၀ ကနေ ၁၇၆၀ ရှိပြီး ၁ ပိဿာကို ၁၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၄၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013