DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် လူ့အခွင့်အရေးကော်မရှင် ပထမဆုံးအကြိမ် စောင့်ကြည့်မည်
DVB
·
November 2, 2018
Donate to DVB

နိုဝင်ဘာ ၃ရက်မှာကျင်းပမယ့် ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ပထမဦးဆုံးအကြိမ်  စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ တနိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၃နေရာထဲက ကော်မရှင် အနေနဲ့ နေရာ ၆ နေရာကို ရွေးချယ်ပြီး  စောင့်ကြည့်သွားမှာလို့ လူ့အခွင့်အရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောပါတယ်။

“အဓိကကတော့ မဲဆန္ဒနယ်တွေက အသက်ရွယ်ကြီးရင့်သူတွေ၊ အမျိုးသမီးတွေရဲ့ မဲပေးနိုင်တဲ့ အခွင့်အရေးမဆုံးရှုံးအောင်၊ နိုင်ငံသားတွေ လွတ်လပ်စွာ မဲပေးနိုင်အောင် ကျနော်တို့ အနေနဲ့ စောင့်ကြည့်ကူညီပေးမှာ။ ဒါက ၂၀၂၀ရွေးကောက်ပွဲမတိုင်ခင် ပထမဦးဆုံးအကြိမ် စောင့်ကြည့်တာပါ။”လို့ ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ မြစ်ကြီးနား၊ မန္တလေး၊ မင်းဘူး၊ အုတ်တွင်း၊ တာမွေနဲ့ ဆိပ်ကမ်းမြို့နယ်စတဲ့ မဲဆန္ဒနယ် ၆ခုမှာ တနေရာကို လူ ၂ဦးစီနဲ့ စောင့်ကြည့်သွားမှာပါ။

ကော်မရှင်မှာ အဖွဲ့ဝင်ဦးရေ နည်းပါးတာကြောင့်  မဲဆန္ဒနယ် အကုန်လုံးကို မစောင့်ကြည့်နိုင်ဘဲ အခုလို ၆နေရာကိုသာ ရွေးချယ်စောင့်ကြည့်ရတာလို့ ကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၃ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အပါအ၀င် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၁၄ ဖွဲ့နဲ့ နိုင်ငံတကာသံရုံး ၂၂ ရုံးက ကိုယ်စားလှယ်တွေစောင့် ကြည့်လေ့လာကြမယ်လို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

လစ်လပ် ၁၃ နေရာအတွက် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ ခုက  ကိုယ်စားလှယ်လောင်း ၆၂ ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ဦး စုစုပေါင်း ၆၉ ဦး ယှဉ်ပြိုင်မှာပါ။

ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013