DVB Logo
Home
မြန်မာသတင်း
ဇေယျာဖြိုးဟာ ငါးပါးသီလကျင့်ကြံသူဖြစ်၍ ပြစ်ကျူးလွန်မည်မဟုတ်ဟု သက်သေ ဆရာတော်မိန့်
DVB
·
November 2, 2018
ဇေယျာဖြိုးဟာ ငါးပါးသီလကျင့်ကြံသူဖြစ်၍ ပြစ်ကျူးလွန်မည်မဟုတ်ဟု သက်သေ ဆရာတော်မိန့်
1 / 5
Donate to DVB

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရတာနဲ့ပတ်သတ်ပြီး စွဲချက်တင်ခံထားရတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းတို့ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ၈၆ ကြိမ်မြောက် ရုံးထုတ်ပါတယ်။

အဲဒီရုံးထုတ်မှာ ဇေယျာဖြိုးနဲ့ပတ်သတ်တဲ့ တရားခံပြသက်သေအဖြစ် ဆရာတော် ၂ပါးကို စစ်ဆေးခဲ့ပါတယ်။

အဲဒီဆရာတော်၂ပါးက ဇေယျာဖြိုးဟာ ငါးပါးသီလ ကျင့်ကြံအားထုတ်သူဖြစ်တာကြောင့် အခုလိုအမှုမျိုး ကျူးလွန်မယ်လို့ မယူဆတဲ့အကြောင်းထွက်ဆိုသွားတယ်လို့ နှစ်ဖက်ရှေ့နေတွေက ပြောပါတယ်။

ကြည်လင်းကို ရှေ့နေဦးကိုနီကိုသတ်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၁(ခ) /၃၄၊ တက္ကစီမောင်းသမား ဦးနေဝင်းကို သတ်မှု အတွက် ပုဒ် ၃၀၂(၂)အပြင် လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ)နဲ့ပါ စွဲချက်တင်ထားတာပါ။

အောင်းဝင်းဇော်ကိုတော့ ပုဒ်မ ၃၀၂(၁) ခ/၃၄ နဲ့ စွဲချက်တင်စစ်ဆေးနေသလို ဇေယျာဖြိုးကိုလည်း ပုဒ်မ ၃၀၂(၁)ခ /၁၀၉နဲ့ စွဲချက်တင်ထားပါတယ်။

အောင်ဝင်းထွန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ထားပြီး ငွေကျပ် သိန်း၅၀၀ အာမခံပေးထားပါတယ်။ နောက်တကြိမ် ရုံးချိန်းမှာတော့ ဇေယျာဖြိုးနဲ့ပတ်သတ်တဲ့ တရားခံပြသက်သေတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။

အောင်သူ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013