DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံခြုံရေးအင်အား တိုးချဲ့ချထား
DVB
·
November 2, 2018
ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံခြုံရေးအင်အား တိုးချဲ့ချထား
Donate to DVB

နိုဝင်ဘာလ ၃ရက် မနက်ဖန်မနက် စတင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်မှာ  ရဲလုံခြုံရေး ၃၀၀ လောက် အင်အားဖြည့်ထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးက သိရပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးသူရနောင်က "ဗန်းမော်၊ မိုးညှင်း အဲဒီဘက်က ခရိုင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့က ဒီမှာအင်အားဖြည့်ပြီးဆောင်ရွက်တယ်။  မြစ်ကြီးနားခရိုင်ဆို လည်း သူ့ခရိုင်ထဲမှာ ရှိပေမယ့် မြို့နယ်တွေကနေလည်း အင်းအား ထပ်ဆောင်းဖြည့်မှာပေါ့နော်" လို့ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ လုံခြုံရေးအနေနဲ့ ရွေးကောက်ပွဲအကြို၊ စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲကျင်းပချိန်နဲ့  ရွေးကောက်ပွဲအလွန်ကာလဆိုပြီး အပိုင်း ၄ ပိုင်း စီမံချက်ရေးဆွဲပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ မှာ မြစ်ကြီးနား အပါအ၀င် ရပ်ကွက်ကျေးရွာအုပ်စု ၆၀၊ မဲရုံပေါင်း ၁၁၄ ရုံ၊ မဲပေးနိုင်သူပေါင်း  နှစ်သိန်းကျော် ရှိပါတယ်။

ပြည်သူတွေ လာရောက်ဆန္ဒမဲပေးကြမယ့် မဲရုံအားလုံးမှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့နဲ့အတူ မီးသတ်၊ ရပ်ကျေးအုပ်ချုပ်ရေးအပြင် တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်တယ်လို့ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ အသင့်ဖြစ်နေပြီး ဒေသလုံခြုံရေးအတွက်လည်း စိတ်ချရ တယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်မေရီမီနန်က ပြောပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ အဆင့်ဆင့်တိုင်းကို ကျမတို့ လုပ်ထားပြီးသား ဖြစ်ပါတယ်။ ပြင်ဆင်ပြီးသလောက် ဖြစ်နေပါပြီ။ လုံခြုံရေးကတော့ စိတ်ချရပါတယ်။ ဆင်ဘိုဒေသကတော့ ရေကြောင်းက သွားရတဲ့ အနေအထား ရှိပါတယ်။ ကုန်လမ်းပိုင်းတွေကတော့ စိတ်ချရပါတယ်။”

ရွေးကောက်ပွဲမတိုင်ခင် မဲစာရင်းနှစ်ကြိမ်ကပ်ပေးခဲ့ရာမှာ နှစ်ကြိမ်စလုံး မဲစာရင်းလာကြည့်သူ ၃၀ ရာခိုင်နှုန်းပဲ ရှိပေမယ့် နိုဝင်ဘာ ၃ ရက် မဲပေးတဲ့နေ့ရောက်မှပဲ ကြားဖြတ်ရွေးကောက်ပွဲကို ဒေသခံတွေ စိတ်ဝင်စားမှု ရှိ မရှိ သိနိုင်မယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်မှာ လစ်လပ်နေတဲ့ အမျိုးသားလွှတ်တော်နေရာမှာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီနဲ့ တသီးပုဂ္ဂလ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013