DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်ရဲစခန်းက ရဲတပ်ကြပ်သေဆုံးမှု အဖြစ်မှန်ပေါ်ပေါက်ရန် မိသားစုလိုလား
DVB
·
November 2, 2018
တောင်ကုတ်ရဲစခန်းက ရဲတပ်ကြပ်သေဆုံးမှု အဖြစ်မှန်ပေါ်ပေါက်ရန် မိသားစုလိုလား
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မရဲစခန်းက ရဲတပ်ကြပ်တဦး ရေနစ်သေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် သေဆုံးသူ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ တွေ့ရှိနေတဲ့အတွက် မိသားစုဝင်တွေက အဖြစ်မှန် ပေါ်ပေါက်ဖို့ လိုလားနေကြပါတယ်။

သေဆုံးသူ ရဲတပ်ကြပ် မျိုးမင်းအေးဟာ တောင်ကုတ်ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်က ရဲအုပ် ချစ်ထွန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ သစ်တောဌာနကတာဝန်ရှိသူတွေ့နဲ့အတူ တောင်ကုတ်မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ ဓားမကျဆည်မှာ သစ်ခိုးထုတ်နေတဲ့သူတွေကို  သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီလို ဖမ်းရာမှာ သစ်ထုတ်လုပ်သူတွေကနေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် စက်လှေပေါ် ပြန်လည်ဆုတ်ခွာတဲ့အချိန် ရေထဲပြုတ်ကျပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေ တွေ့ရှိနေတာကြောင့် တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ သေဆုံးသူရဲ့ ဖခင်က ပြောပါတယ်။

ရဲတပ်ကြပ် မျိုးမင်းအေးသေဆုံးမှုနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းကို သွားရောက်မေးမြန်းခဲ့ပေမယ့် ရဲစခန်းတာဝန်ရှိသူက  ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013