DVB Logo
Home
မြန်မာသတင်း
ပုပ္ပါးတောင် မြေပြိုမှုမဖြစ်ရေးနှင့် ရေရှည်တည်တံ့ရေး ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး  
DVB
·
November 1, 2018
ပုပ္ပါးတောင် မြေပြိုမှုမဖြစ်ရေးနှင့် ရေရှည်တည်တံ့ရေး ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး  
1 / 9
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က  ပုပ္ပါးတောင်ကလပ်ကို သွားရောက်ပြီး ပုပ္ပါးတောင် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးနဲ့ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းတွေကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် ပုပ္ပါးတောင်မှာ မြေပြိုမှုဖြစ်ပွားရခြင်းအကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ဘူမိဗေဒပညာရှင်တွေကို မေးမြန်းခဲ့ပြီး ပုပ္ပါးတောင် ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ  ရေရှည်အတွက်ထည့်သွင်း စဉ်းစားဆောင်ရွက်ကြဖို့ မှာကြားခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဒုဥက္ကဋ္ဌ ဦးဆုံဟန်နဲ့ အသင်းဝင် ဦးချိုဦးတို့က ပုပ္ပါးတောင်ကလပ်ဆိုင်ရာ အချက်အလက်တွေ၊ မြေပြိုမှုဖြစ်ပေါ်ရ သည့်အကြောင်းအရင်းနဲ့ နောင် မြေပြိုမှုတွေ မဖြစ်ပေါ်အောင် ကြိုတင်စီမံ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ဘူမိ သိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်းကလည်း ခါကာဘိုရာဇီ၊ အင်းတော် ကြီး၊ တွင်းတောင်(မုံရွာ)၊ ပုပ္ပါးတောင်၊ ပင်းတယ-အင်းလေးကန်နှင့် ဇွဲကပင်တောင်တို့ ပို အမိကမ္ဘာစခန်းသာအဖြစ် ဆောင်ရွက်မယ့် အစီအစဉ်တွေ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒါ့အပြင် ပုပ္ပါးတောင်ဥယျာဉ် သတ်မှတ်ဆောင်ရွက် နေမှု၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိမှု၊ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် အဆိုပြုတင်ပြနိုင်ရန် ဆောင်ရွက်နေမှု၊ ဥယျာဉ်အတွင်းရှိ သဘာဝရေ ထွက်စမ်းများတည်ရှိမှု စတဲ့ ကိစ္စတွေလည်း ပညာရှင်တွေက ရှင်းလင်းတင်ပြခဲ့ပါတယ်။

ပုပ္ပါးတောင်ဟာ ဘူမိဖြစ်စဉ်အရ မီးတောင်ဟောင်းတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀၀၀ ခန့်က ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း မီးငြိမ်းတောင်တစ်ခု အဖြစ် တည်ရှိနေခဲ့ကာ အပူပိုင်းဒေသမှာ စိမ်းလန်းစိုပြည်သော အိုအေစစ်တစ်ခု အသွင် ဖြစ်တည်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကတော့ ပုပ္ပါးတောင်မှာ မြေပြိုမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  ပုပ္ပါးတောင်ကလပ်ရှိ ပြည်တော်အေး ဆုတောင်းပြည့်စေတီတော်ကိုလည်း သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး ညောင်ဦးမြို့မှ ထွက်ခွာကာ မွန်းလွဲပိုင်းမှာ နေပြည်တော်သို့ ပြန်လည်ရောက်ရှိပါတယ်။

ဓာတ်ပုံ- အတိုင်ပင်ခံရုံး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013