DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 1, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ၇၅၉၀၀၀  ပေါက်ဈေးရှိပြီး ၁ တန်ကို ငွေကျပ် ၄၈၀၀၀ ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ၁ တန်ကို ငွေကျပ် ၆၁၂၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ငွေကျပ် ၃၇၀၀၀ ဈေးတက်လာပါတယ်။

ပဲကြီး(ကုန်း)

ပဲကြီး (ကုန်း) ကတော့ ၁ ပိဿာကို ၂၂၆၀ ကနေ ၂၃၅၀ ကျပ်ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၇၅ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲခြမ်

ကုလားပဲခြမ်းကတော့ ၁ ပိဿာကို ၅၀ ကျပ်ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၇၈၀ ကနေ ၁၈၀၀ ပေါက်ဈေးရှိပါတယ်။

ပြောင်းဆန်

ပြောင်းဆန်ကတော့ ၁ ပိဿာကို ၅၇၀ ကနေ ၅၉၅ ကျပ်ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။

ငရုတ်ရှည်

ငရုတ်ရှည်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၇၀၀ ကနေ ၃၉၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀၀ ကျပ်ဈေး တက်လာပါတယ်။

စီပီပြောင်း

လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၄၄၀ ကနေ ၄၈၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မြေပဲလုံးဆန်နီ

အောင်လံကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆန်နီက ၁ ပိဿာကို ၂၅ ကျပ်ဈေး ကျဆင်းသွားပြီး ဒီနေ့ပေါက်ဈးက ၁ ပိဿာကို ၂၇၅၀ ကနေ ၂၇၇၅ ကျပ် ပေါက်ဈေးရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးဆက်တိုက်ကို တက်နေပါတယ်။ အိန္ဒိယ နိုင်ငံကလည်း ၀ယ်ယူမှုတွေ ရှိနေတဲ့အတွက် ဈေးက တက်နေခဲ့တာပါ။ လက်ရှိ မတ်ပဲက ဈေးတက်နေပေမယ့်လည်း တောင်သူလက်ထဲမှာ ပဲတွေ မရှိတော့တဲ့အတွက် တောင်သူတွေအနေနဲ့တော့ လက်ရှိ အတက်ဈေးကို မရရှိပါဘူး။ မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၁ တန်ကို ငွေကျပ် ၃ သောင်းနီးပါး ဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီကလည်း ဈေးတက်လာခဲ့ပါတယ်။ လက်ကျန်ပဲတွေကလည်း နည်းနေပြီး အိန္ဒိယ၀ယ်ယူမှုကလည်း များတဲ့အတွက် ဈေးက တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံမှာလည်း ဆောင်းပဲထွက်ရှိမှုနှုန်း နည်းတဲ့အတွက် ပဲဝယ်ယူမှုများနေခဲ့တာလည်း ဖြစ်ပါတယ်။ ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၁ တန်ကို ငွေကျပ် ၆ သောင်းနီးပါး ဈေးတက်လာခဲ့ပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013