DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် တိုက်ပွဲရှောင် ဒေသခံ ၁၈၀၀ ခန့် ရောက်ရှိနေဟု ကုလထုတ်ပြန်
DVB
·
November 1, 2018
လားရှိုးတွင် တိုက်ပွဲရှောင် ဒေသခံ ၁၈၀၀ ခန့် ရောက်ရှိနေဟု ကုလထုတ်ပြန်
Donate to DVB

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရွာသား ၁၈၀၀ လောက် တိမ်းရှောင်လာကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၆ ရက်မှာ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာအုပ်စုအတွင်း၊ မန်ပြင်ကျေးရွာမှာ တာအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပူးပေါင်းတပ်ဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

လတ်တလောမှာ တိုက်ပွဲကြောင့် ထွက်ပြေးလာကြသူတွေဟာ လာရှိုးမြို့က မန်ဆူ ဘုန်းတော်ကြီးကျောင်း၊ နှစ်ခြင်းနဲ့  အာစီခရစ်ယာန်ဘုရားကျောင်းတွေမှာ ခိုလှုံ နေထိုင်နေကြပါတယ်။

သူတို့အတွက် စောင်၊ အိပ်ယာခင်းတွေ အပါအဝင် ဆောင်းဝတ် အနွေးထည်တွေနဲ့ အသုံးအဆောင်တွေ၊ ကျန်းမာရေးစောင့်ရှောက်တာ၊ တကိုယ်ရေ သန့်ရှင်းရေး အသုံး အဆောင်တွေနဲ့ အမျိုးသမီး အသုံးအဆောင်တွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒေသတွင်း အာဏာပိုင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေက အစားအစာ၊ ငွေသား၊ အခြားကယ်ဆယ်ရေး ပစ္စည်းတွေကို ပံ့ပိုးပေးနေကြပါတယ်။

ဒါပေမယ့် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေရဲ့ မူလရပ်ရွာတွေမှာ မလုံခြုံတာကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ လူဦးရေ ပိုမိုများပြားလာနိုင်ပြီး အကူအညီတွေ ထပ်လိုဦးမယ်လို့လည်း ကုလသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ- UNOCHA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013