DVB Logo
Home
မြန်မာသတင်း
မန္တလေး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
DVB
·
October 31, 2018
မန္တလေး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူးနဲ့ ဌာနခွဲစာရေးတို့ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်မယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

တိုင်းအစိုးရအဖွဲ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းလုပ်ငန်းတွေ တင်ဒါခေါ်ယူဆောင်ရွက်ရာမှာ ကုမ္ပဏီတွေဆီက ငွေကြေးကောက်ခံတာ၊ လာဘ်ငွေရယူတာတွေ စစ်ဆေးတွေ့ရှိချက်နဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီကို လွှဲပြောင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ကြားစာအရ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ဘတ်ဂျက်နဲ့ တိုင်းအစိုးရ ရန်ပုံငွေဘတ်ဂျက်တို့က ကျေးလက်လမ်းလုပ်ငန်းတွေ တင်ဒါခေါ်ယူရာမှာ လုပ်ငန်းပြီးစီးမှုအရ ၂၅ ရာခိုင်နှုန်းကို လုပ်ငန်းတန်ဖိုးငွေအဖြစ် ခွဲဝေထုတ်ပေးခဲ့ပါတယ်။

ဒီအခါမှာ တိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ငွေထုတ်သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နဲ့ ဌာနခွဲစာရေး ဒေါ်သူဇာတို့ဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလို့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ ၆ ခုကို ထုတ်ပေးရမယ့် ငွေတွေထဲက ၃ ရာခိုင်နှုန်းဖြစ်တဲ့ ၁၀ ဒသမ ၂၇၈ သန်းကျော်ကို  “ရုံးစရိတ်/ငွေထုတ်စရိတ်” လို့ အကြောင်းပြ ဖြတ်တောက်ခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်ကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ဌာနခွဲစာရေး ဒေါ်သူဇာကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အရေးယူ ဆောင်ရွက်ဖို့ မန္တလးတိုင်း၊ မြစ်ငယ်နယ်မြေရဲစခန်းမှာ ဒီနေ့ပဲ ပထမသတင်းပေး တိုင်ချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013