DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 31, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ အဟောင်းက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၆၈၆၀၀   ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၆၈၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန် နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၃၄၀၀  ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အဟောင်းက ၁ အိတ်ကို ၅၃၀၀၀ ကနေ ၅၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၅၅၂၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၄၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ အိတ်ကို ၁၂၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ကုလားပဲ 929

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ 929 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၂၀၀၀၀ ကနေ ၇၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၃၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၉၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန် စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၆၀၀၀၀ ကနေ ၁၇၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၉၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၅၈၀၀၀ ကနေ ၁၆၆၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ အိတ်ကို ၁၁၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက် (စမုံ) က ၁ အိတ်ကို ၂၂၀၀၀၀ ကနေ ၂၄၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၂၈၀၀၀ ကနေ ၂၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ အိတ်ကို  ၈၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတာ့ နှမ်းညိုက ၁ အိတ်ကို ၁၅၀၀၀၀ ကနေ ၁၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၅၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၆၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

 

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013