DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို သမ္မတအတည်ပြု
DVB
·
October 31, 2018
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို သမ္မတအတည်ပြု
Donate to DVB

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းတာကို နိုင်ငံတော် သမ္မတက အောက်တိုဘာ ၃၀ ရက်စွဲနဲ့ အတည်ပြုအမိန့် ထုတ်ပြန်လိုက်ပါတယ်။

မီဒီယာကောင်စီကို ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီဦးအုန်းကြိုင်)၊ ဒုဥက္ကဋ္ဌ ၁ ဒေါက်တာမျိုးသန့်တင်၊ ဒုဥက္ကဋ္ဌ ၂ ဦးကျော်နိုင် (ထက်မြက်)၊ အတွင်းရေးမှူး ဦးကျော်စွာမင်း၊ တွဲဖက် အတွင်းရေးမှူး ၁ ဦးမြင့်ကျော်၊ တွဲဖက်အတွင်းရေးမှူး ၂ ဦးလှိုင်းသစ်ဇင်ဝေတို့ အပါအဝင် ၂၉ ယောက်နဲ့ ဖွဲ့စည်းလိုက်တာပါ။

ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင်တွေကို စက်တင်ဘာ ၈ ရက်နေ့က ရန်ကုန်မှာ ရွေးချယ်ခဲ့ကြပြီး ကောင်စီမှာ သမ္မတက အဆိုပြုတဲ့ ကိုယ်စားလှယ် တယောက်နဲ့ လွှတ်တော်နှစ်ရပ်က အဆိုပြုတဲ့ ကိုယ်စားလှယ်တယောက်စီပါဝင်တာပါ။

သတင်းမီဒီယာ နည်းဥပဒေအရ ကောင်စီကို အယောက် ၃၀ နဲ့ ဖွဲ့စည်းဖို့ စီစဉ်ခဲ့ပြီး သတင်းသမား အဖွဲ့အစည်းတွေက ကောင်စီဝင် ၇ ယောက်၊ သတင်းမီဒီယာအဖွဲ့အစည်းတွေက ကောင်စီဝင် ၅ ယောက်၊ တဦးချင်းကိုယ်စားလှယ် ၃ ယောက် ရွေးချယ် တင်မြှောက်ခဲ့ကြပါတယ်။

ဒါ့အပြင် သတင်းအေဂျင်စီတွေ၊ ပုံနှိပ်ထုတ်ဝေသူများအသင်း၊ ထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်း၊ ကဗျာဆရာအဖွဲ့၊ ကာတွန်းရုပ်ပြဆရာအဖွဲ့တွေက ၁ ယောက်စီ၊ စာရေးဆရာ အဖွဲ့အစည်းတွေက ၂ ယောက်၊ တတ်သိပညာရှင်တွေပါဝင်တဲ့ အရပ်ဘက် ကိုယ်စားလှယ် ၅ ယောက်၊ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အဆိုပြုတဲ့ ကိုယ်စားလှယ်  ၁ ယောက်စီ ဖြစ်ပါတယ်။

ဒါပေမယ့် ကဗျာဆရာအဖွဲ့အစည်းတွေက ကိုယ်စားပြု မပါဝင်ခဲ့တာကြောင့် လက်ရှိကောင်စီမှာ ၂၉ ယောက်ပဲ ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013