DVB Logo
Home
မြန်မာသတင်း
အောင်ရဲ​ထွေး​အမှု ဖြစ်ပွားခဲ့နေရာ၌ ကျော်ဇောဟန်​ကို​ တွေ့ရှိခဲ့ခြင်းမရှိဟု လိုပြသက်သေထွက်ဆို
DVB
·
October 31, 2018
အောင်ရဲ​ထွေး​အမှု ဖြစ်ပွားခဲ့နေရာ၌ ကျော်ဇောဟန်​ကို​ တွေ့ရှိခဲ့ခြင်းမရှိဟု လိုပြသက်သေထွက်ဆို
Donate to DVB

သရုပ်ဆောင် အောင်ရဲ​ထွေး​ အရိုက်ခံရတဲ့ Space Party ဂိတ်​မှာ ​ကျော်ဇောဟန်​(ခ)​ ကျော်​​ဇောကို​ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ တရားလိုပြသက်​​​သေ ​The One Entertainment ကလပ်မန်နေဂျာ ကိုဇော်သီဟထွန်းက တရားရုံးမှာ ထွက်ဆိုပါတယ်။

ဟာသသရုပ်​​ဆောင် ​​အောင်​ရဲ​ထွေး အသတ်ခံရမှုမှာ သန်းထွဋ်​​အောင်​ပါ ၃ ဦးကို အောက်တိုဘာ ၃၀ ရက်က ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​တရားရုံးမှာ တတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ရုံးချိန်းမှာ​ လိုပြသက်​​သေနှစ်​ဦးဖြစ်တဲ့ The One Entertainment ကလပ်မန်နေဂျာ ကိုဇော်သီဟထွန်းနဲ့ အထွေထွေသန့်ရှင်းရေးတာဝန်ခံ ကိုနိုင်နိုင်ထွန်းတို့ကို စစ်ဆေးခဲ့ပါတယ်။

သက်သေတွေရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ်​တဲ့ညက စွပ်​စွဲခံထားရသူ ​ကျော်​​ဇောဟန်​(ခ)​ ကျော​ဇောကို တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ ကို​ဇော်​သီဟထွန်းက တရားရုံးမှာ ​ထွက်​ဆိုခဲ့တဲ့အပြင် အခင်းဖြစ်​ညမှာ ဖမ်းမိသူနှစ်​ဦးဟာ သန်းထွဋ်​​အောင်​(ခ)သားကြီးဖြစ်​ပြီး ကျန်​တစ်​​ယောက်​ရဲ့ အမည်​ကို မသိဘူးလို့ ထွက်​ဆိုခဲ့ပါတယ်။

သရုပ်​​ဆောင်​​အောင်​ရဲ​ထွေးဟာ ပြီးခဲ့တဲ့နှစ် ဇန်​နဝါရီ ၁ရက်​​နေ့က The One Entertainment ကို ရည်းစားဖြစ်သူ မပွင့်​​ကေခိုင်နဲ့အတူ ရောက်ရှိခဲ့ပြီး ခိုက်ရန်ဖြစ်ပွား ဝိုင်းဝန်​ထိုးကြိတ်​ခံခဲ့ရကာ ရန်​ကုန်​​ဆေးရုံကြီး​မှာ အတွင်းလူနာအဖြစ်​​ဆေးကုသမှု ခံယူခဲ့ပြီး ဇန်​နဝါရီ ၂ရက်​မှာ ရရှိတဲ့ ဒဏ်​ရာတွေနဲ့ သေဆုံးသွားတာပါ။

လက်​ရှိမှာ​ ပြစ်​မှုကျူးလွန်​သူလို့ စွပ်​စွဲခံထားရတဲ့ သန်းထွဋ်​​အောင်​(ခေါ်)သားကြီး၊​ အောင်​​လေးနဲ့ ကျော​ဇော(ခေါ်)​ကျော်​ဇောဟန်​တို့ သုံးဦးကို ရာဇသတ်​ကြီးပုဒ်​မ ၃၀၂နဲ့ အဖွင့် တရားစွဲဆို ထားပါတယ်။ နောက်တကြိမ် ​ရုံးချိန်းကို လာမယ့် နိုဝင်​ဘာ ၆ရက်​မှာ ပြန်​လည်​ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013