DVB Logo
Home
မြန်မာသတင်း
ဂျိုဆွန်းခေတ် မကောင်းဆိုးဝါးများအကြောင်း ကိုရီးယားရုပ်ရှင်-Rampant (ရုပ်သံ)
DVB
·
October 31, 2018
ဂျိုဆွန်းခေတ် မကောင်းဆိုးဝါးများအကြောင်း ကိုရီးယားရုပ်ရှင်-Rampant (ရုပ်သံ)
Donate to DVB


ရာဇ၀င်သမိုင်းနောက်ခံ ကိုရီးယားအက်ရှင်ပရိသတ်တွေအကြိုက်တွေ့ကြမယ့် Rampant အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ နာမည်ကြီးကိုရီးယားရုပ်ရှင်ကား Train to Busan ကို ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီ Next Entertainment World က တင်ဆက်လိုက်တာဖြစ်ပြီး ကိုရီးယားရုပ်ရှင် ဒါရိုက်တာ Kim Sung-Hoon က ရိုက်ကူးပုံဖော်ပေးထားပါတယ်။

ကိုရီးယားနိုင်ငံရဲ့ ဂျိုဆွန်းခေတ်ကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ ညဘက်မှာ ထွက်တဲ့ မကောင်းဆိုးဝါး Zombie တွေရဲ့ တိုက်ခိုက်မှုကနေ နိုင်ငံကို ကယ်တင်ရတဲ့ အကြောင်းတွေကို ရှုစားကြရမှာဖြစ်ပါတယ်။

နိုင်ငံပြင်ပမှာ ဓားစာခံ အဖြစ်ဖမ်းဆီးခံထားရပြီး နိုင်ငံထဲကို ပြန်ရောက်လာချိန်မှာ အိမ်ရှေ့စံမင်းသားလည်းဖြစ်၊ နိုင်ငံရဲ့ အတော်ဆုံးဓားသမားတယောက်လည်းဖြစ်တဲ့ Lee Chung ဟာ ဒီအခြေအနေတွေကို ဘယ်လိုဖြတ်ကျော်မလဲ။ တဖက်မှာလည်း လက်ရှိတော်ဝင်ထီးနန်းကို လုယူဖို့ အကြံအစည်ရှိနေတယ်လို့ သံသယရှိနေတဲ့ စစ်သူကြီး Kim Ja-Joon နဲ့အတူ ရှေ့ဆက် ဘယ်လိုတွေဖြစ်လာမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ရှုစားကြရမှာပါ။

    ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး ကိုရီးယား သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ Hyun Bin နဲ့ Jang Dong-Gun တို့က ခေါင်းဆောင် ပြီး တခြားသရုပ်ဆောင်တွေအများကြီးက ပါဝင်အားဖြည့်ထားပါတယ်။

    ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် တောင်ကိုရီးယား ၀မ်ငွေ ၁၇ ဘီလျံအကုန်အကျခံ ရိုက်ကူးထားခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6.1 ထိ ရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013