DVB Logo
Home
မြန်မာသတင်း
ယခုနှစ်အတွက် ဆေးကျောင်းသား ကျောင်းသူ ၁၄၀၀ ကျော် ဝင်ခွင့်ပြု
DVB
·
October 30, 2018
ယခုနှစ်အတွက် ဆေးကျောင်းသား ကျောင်းသူ ၁၄၀၀ ကျော် ဝင်ခွင့်ပြု
Donate to DVB

ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာ အခုနှစ်အတွက် ကျောင်းသူ ကျောင်းသား ၁၄၀၀ ကျော် ဝင်ခွင့်ပြုလိုက်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်ဆေးတက္ကသိုလ် ၁၊ ၂၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်နဲ့ တောင်ကြီးဆေးတက္ကသိုလ်တွေမှာ ပထမနှစ် ဝင်ခွင့်ရသူ ၁၁၉၇ ယောက်ရှိပြီး ရန်ကုန်နဲ့ မန္တလေး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာတော့ ၂၀၄ ယောက် ဝင်ခွင့်ပြုထားတာပါ။

ဆေးတက္ကသိုလ် ၁ ရန်ကုန်က ၃၅၁ ယောက် ဝင်ခွင့်ပြုထားလို့ အများဆုံးဖြစ်ပြီး တောင်ကြီး ဆေးတက္ကသိုလ်ကတော့ ၄၂ ယောက် ဝင်ခွင့်ပြုထားပါတယ်။

ဆေးတက္ကသိုလ် ၁ ရန်ကုန် ဝင်ခွင့်ရသူတွေထဲမှာ အမှတ်အများဆုံးက ၅၅၃ မှတ်၊ ဆေးတက္ကသိုလ် ၂ မှာ အမှတ်အများဆုံးက ၅၄၆ မှတ်၊ မန္တလေးဆေးတက္ကသိုလ်မှာ အမှတ်အများဆုံးက ၅၄၉ မှတ်၊ မကွေးဆေးတက္ကသိုလ်မှာ အမှတ်အများဆုံးက ၅၄၅ မှတ်၊ တောင်ကြီးဆေးတက္ကသိုလ်မှာ အမှတ်အများဆုံးက ၅၄၄ မှတ်နဲ့ ဝင်ခွင့်ရပါတယ်။

ဒါ့အပြင် ဆေးဝါးတက္ကသိုလ် ရန်ကုန်၊ မန္တလေး၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ရန်ကုန်၊ မန္တလေး၊ သူနာပြုတက္ကသိုလ် ရန်ကုန်၊ မန္တလေးနဲ့ မကွေး အခြေခံကျန်းမာရေး တက္ကသိုလ်တို့အတွက်လည်း ပထမနှစ် ကျောင်းသူ ကျောင်းသားဦးရေ ၁၅၈၃ ယောက် ဝင်ခွင့်ပြုထားပါတယ်။

သူနာပြုနဲ့ တခြား ဆေးဘက်နဲ့ ဆေးဝါးဆိုင်ရာ တက္ကသိုလ်တွေရဲ့ ဝင်ခွင့်မှာတော့ အမှတ်အများဆုံးက ၅၁၂ မှတ် ဖြစ်ပါတယ်။

ပထမနှစ် သင်တန်းတွေကို ၂၀၁၈ ဒီဇင်ဘာ ၃ ရက်မှာ စတင်မှာပါ။ ကျောင်းသားတွေအနေနဲ့ နိုဝင်ဘာ ၁၉ ရက်ကစပြီး သက်ဆိုင်ရာ မော်ကွန်းထိန်းတွေဆီ သတင်းပို့နိုင်ပြီး ဒီဇင်ဘာ ၁၄ ရက်အထိ သတင်းမပို့ဘူးဆိုရင်တော့ ဝင်ခွင့်က ပယ်ဖျက်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013