DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် စင်ကာပူသွားမည်
DVB
·
October 30, 2018
ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် စင်ကာပူသွားမည်
Donate to DVB

စင်ကာပူနိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပြီး သမ္မတဦးဝင်းမြင့် မတက်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုအတွင်းဝန် ဦးအောင်ကျော်ဇံက ဒီဗွီဘီကို ပြောပါတယ်။

“ထိပ်သီးအစည်းအဝေးမှာ ဘာတွေဆွေးနွေးကြမယ်ဆိုတဲ့ အသေးစိတ်တော့ မသိပါဘူး။ အာဆီယံနိုင်ငံတွေက ထိပ်သီးခေါင်းဆောင်တွေ တက်ကြမှာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ပါမယ်။”

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့ စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို သမ္မတဦးဝင်းမြင့် တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စင်ကာပူကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ရှေ့ခရီးလမ်း ခေါင်းစဉ်နဲ့ ဟောပြောပွဲတခု လုပ်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ရင်း စင်ကာပူနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို လာမယ့်နှစ် ဇန်နဝါရီလမှာ ထိုင်းနိုင်ငံက လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013