DVB Logo
Home
မြန်မာသတင်း
တခုလပ်အမျိုးသမီးတွေအကြောင်း ရှုစားကြရမည့် “တစ်ခုလပ်ရုပ်ရှင်” (နမူနာ)
DVB
·
October 30, 2018
တခုလပ်အမျိုးသမီးတွေအကြောင်း ရှုစားကြရမည့် “တစ်ခုလပ်ရုပ်ရှင်” (နမူနာ)
Donate to DVB

လူမှုဘဝပတ်ဝန်းကျင်မှာ ရှင်သန်နေကြတဲ့၊ ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့ တခုလပ်အမျိုးသမီးတွေနဲ့ မိဘမဲ့ကလေးတွေရဲ့အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ တစ်ခုလပ်ရုပ်ရှင်ကားကို နိုဝင်ဘာ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

သမီးမြတ်ကျော်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးထားတာဖြစ်ပြီး SG9 ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာပါ။

ဒီကားထဲမှာတော့ အကြောင်းအမျိုးမျိုးကြောင့် တခုလပ်ဖြစ်သွားရတဲ့ အမျိုးသမီးတွေရဲ့ ဘဝတွေ၊ သားသမီးတွေအပေါ် ထိန်းကျောင်းတဲ့ ပုံရိပ်တွေအပြင် လူမှုဝန်းကျင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ အတားအဆီးတွေ၊ ပြဿနာတွေနဲ့ မိဘမဲ့ကလေးတွေရဲ့ ဘဝဇာတ်ကြောင်းတွေကိုပါ ပုံဖော်ရိုက်ကူးထားပါတယ်။

ဒီကားထဲမှာတော့ အဓိကသရုပ်ဆောင်မင်းသမီး မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်၊ လင်းဇာနည်ဇော်တို့နဲ့အတူ သရုပ်ဆောင်မင်းသားသစ်တွေဖြစ်ကြတဲ့ တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်တို့နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသတာကို အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့ပြီး ရုပ်ရှင် Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သိန်းကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013