DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲကြောင့် လားရှိုးတွင် စစ်ဘေးရှောင် ၄၀၀ကျော် ခိုလှုံ
DVB
·
October 29, 2018
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲကြောင့် လားရှိုးတွင် စစ်ဘေးရှောင် ၄၀၀ကျော် ခိုလှုံ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်နဲ့ လားရှိုးမြို့နယ်ထဲမှာ  ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်လို့ ရွာ၃ ရွာက ရွာသားပေါင်း ၄၀၀ ကျော် လားရှိုးမြို့၊  မန်ဆူကျောင်းတိုက်မှာ လာရောက် ခိုလှုံနေရ ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက နမ္မတူနဲ့ လားရှိုးမြို့နယ်အစပ် မိုင်းရင်ကျေးရွာသွားတဲ့ လမ်းမှာ လက်န က်ကိုင်အဖွဲ့တွေ ပစ်ခတ်မှုဖြစ်တာကြောင့်  နားဟာ ၊ ၀မ်ဗြိန်း ၊ ပန်ဟုန်းစတဲ့ ရွာသားတွေဟာ လား ရှိုးမြို့နယ် အီနိုင်းကျောင်းကို ထွက်ပြေးလာကြတာပါ။

ခုထိနယ်မြေမတည်ငြိမ်သေးတဲ့အပြင် သေနတ်သံတွေဟာ အီနိုင်းရွာကနေတောင် ကြားရတဲ့အတွက် လားရှိုးဘက်ကို ဆက်လက်တိမ်းရှောင်လာကြောင်း၊  ဒီကနေ့ နေ့ခင်းပိုင်း မန်ဆူကျောင်း တိုက်မှာ လူပေါင်း ၄၀၀ ကျော်ရောက်နေပြီလို့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီခဲ့တဲ့ လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ ဒီကနေ့ နေ့ခင်း ၁၂ နာရီလောက်က ကျနော်မန်ဆူကျောင်းတိုက်ကို ရောက်သွားပါတယ်။ အဲဒီမှာ  ပြီးခဲ့တဲ့ သုံးလေးရက်က အီနိုင်းဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ကျောင်းမှာ လာပြီး တိမ်းရှောင်နေတဲ့ ရွာသားတွေဟာ မန်ဆူကျောင်းကို ပြောင်းလာကြတယ်၊ လူမှုကူညီရေးအဖွဲ့က ကားတွေနဲ့ သွားကြိုတယ်။ နောက်ထပ် အီနိုင်းအုပ်စုထဲက ရွာငယ်လေးတွေက ရွာသားတွေပါ နောက်ထပ်ရောက်လာတယ်။ တချို့လည်း သူတို့ဖာသာ ဆိုင်ကယ်တွေ ထော်လာဂျီတွေနဲ့ ရောက်လာတယ်။ ကျနော်သိရသလောက်တော့ အိမ်ထောင်စုပေါင်း ၉၄ စုက လူဦးရေ ၄၃၇ ဦးရှိ ပါတယ်။”

စစ်ဘေးရှောင်လာသူတွေထဲမှာ ကျောင်းသားတွေနဲ့ ကလေးငယ်တွေက အများစုပါဝင်ပြီး သေနတ်သံကြောင့် ကျောင်းလဲပိတ်ထားရာကာ  ရွာက ဆရာ/ဆရာမတွေ၊ ကျေးလက်ဆေးပေးခန်းက ၀န်ထမ်းတွေလည်း မနေရဲလို့ နေရပ်ပြန်ကုန်ပြီလို့ပြောပါတယ်။

ဒါပေမယ့် အချို့ရွာသားတွေတော့ ကျွဲနွားနဲ့ လယ်ယာအလုပ်တွေ နောက်ဆံ တင်းတာကြောင့် အိမ်စောင့်နေခဲ့တာရှိကြောင်း၊ အီနိုင်းရွာနဲ့ ၃ မိုင်သာဝေးတဲ့ ပန်ဟုန်းရွာကတော့ နမ္မတူနဲ့ သိပ်နီးတာကြောင့် လူတွေအားလုံးထွက်ပြေးပြီး ရွာမှာကျွဲနွားတွေဘဲ ကျန်ခဲ့တယ်လို့ သိရပါတယ်။

မန်ဆူကျောင်းရောက်စစ်ဘေးရှောင်တွေကို ကျောင်းတိုက်က စားစရာနဲ့ နေစရာ ပေးထားသလို ထမင်းထုတ်လာဝေတဲ့ အလှူရှင်တွေလည်းရှိကြောင်း၊ ရှမ်းပါတီက ဆန်နဲ့ သောက်ရေသန့်တွေကူညီပေးနေပါတယ်။

ဒါ့အပြင် ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချပ်ရေးနဲ့ စစ်တပ်ကပါ စစ်ဘေးရှောင်လာသူတွေကို လာရောက်ကြည့်ရှုနေတာကြောင့် စားရေးသောက်ရေးမပူပင်ရသလို  ကျန်းမာရေးဌာနကလည်း လာပြီးပြုစုစောင့်ရှောက်ပေးနေတယ်လို့ စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။

ဓာတ်ပုံ-ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013