မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ၆၇၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၆၅၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအဟောင်းက တအိတ်ကို ၅၁၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအသစ်က တအိတ်ကို ၄၅၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁၄၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၃၀၀၀ ကနေ ၇၃၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၂၀၀၀ ကနေ ၇၃၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။
နှမ်းနက် (စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၁၀၀၀၀ ကနေ ၂၃၀၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၃၁၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ဈေးကွာခြားမှုရှိပါတယ်။
နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက တအိတ်ကို ၁၅၅၀၀၀ ကနေ ၁၆၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁၈၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းနီ
မကွေးကုန်စည်ဒိုင်မှာ နှမ်းနီက တအိတ်ကို ၁၅၁၀၀၀ ကနေ ၁၅၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ဈေးတက်လာပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးပဲအထွက်နည်းတဲ့အတွက် ပြည်တွင်းလိုအပ်ချက်ကြောင့် မတ်ပဲကို ဈေးမြင့်ဝယ်ယူလာခဲ့ပါတယ်။ တနှစ်နီးပါး ဈေးကျဆင်းခဲ့တဲ့ မတ်ပဲက လက်ရှိမှာ အမြင့်ဆုံးဈေးတက်လာတယ်လို့ ပြောလို့ရပါတယ်။ စက်တင်ဘာ နောက်ဆုံးအပတ်ကတည်းက တဖြည်းဖြည်း မြင့်တက်ခဲ့ပေမယ့် အောက်တိုဘာ နောက်ဆုံးအပတ်မှာတော့ တတန်ကို ငွေကျပ် တသိန်းကျော်အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။
ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရာသီဥတု အခြေအနေကြောင့် ပဲအထွက်နည်းတဲ့အတွက် ဝယ်ယူမှုများပြီး ဈေးတက်လာခဲ့တာပါ။ လတ်တလောမှာတော့ ပဲစင်းငုံနီက တတန်ကို ငွေကျပ်ငါးသောင်းကျော်သာ ဈေးတက်လာခဲ့ပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











